အပိုင်း - ၁၆

2.4K 254 0
                                    

Unicode Version

အပိုင်း - ၁၆  လူတစ်ချို့ကသူငယ်ချင်းထက် ရည်းစားကို ပိုဦးစားပေးတယ်

မုရှောင်းရှောင် ယင်းရှောင်းကျဲကို ဖုန်းခေါ်သင့်မ‌ခေါ်သင့်စဉ်းစား နေချိန်မှာ လုရိချန်က 

"သူမဟာဒီနေ့မှ ကျောင်းကိုတကယ်ပြောင်းလာတာပါ ဒါ့ကြောင့် ကျောင်းသား ID ကတ် မရှိသေးတာ အခုရုံးခန်းကိုသွားပြီး အစီရင်ခံမလို့  ကျွန်တော် သက်သေပြပေးနိုင်ပါတယ်

အစောင့်က လုရိချန်ကိုအသိအမှတ်ပြုလိုက်ပြီး ရုတ်တရက်

“ မင်းက  လုရိချန်မှတ်လား ငါမင်းကိုသိတယ် မင်းကြောင့် ငါ သူ့ကို ၀င်ခွင့်ပေးလိုက်မယ် "

လုရိချန်  ခေါင်းလေးညိတ်လိုက်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်သည်

"ကျေးဇူးတင်ပါတယ်။ "

လုရိချန်က သူမကို ကူညီ‌ ပေးလိုက်တာကြောင့်  မုရှောင်းရှောင် လုရိချန်ကို ကျေးဇူးတင်ပေမယ့် အစောင့်က သူမကို သူခိုးလိုမျိုး စောင့်ကြည့်နေတာကြောင့် စိတ်မသက်မသာဖြစ်စေသည်
မုရှောင်းရှောင်က ကိုယ့်ကိုကိုယ် ချိုသာပြီး ချစ်စရာကောင်းသည်လို့တော့ ထင်ပါသည် အဲဒါကို ဒီအစောင့်က သံသယမျက်လုံး‌နဲ့ ကြည့်ရတဲ့ အထိ  ရုပ်ဆိုးနေလို့လား

“ ရှင့်ကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ရှင့်ရဲ့အကူအညီကိုတော့ မယူချင်ဘူး "

လုရိချန်ကို ပြောလိုက်ပြီး ယင်းရှောင်ကျဲ ကိုဖုန်းခေါ်လိုက်တယ်

ယင်းရှောင်ကျဲက အလွန်အမင်း ပျင်းရိ‌နေတဲ့အသံဖြင့်

“ ဟယ်လို  , ဘာလဲ ?"

မုရှောင်းရှောင် မကျေနပ်မှုစုပြုံကာ ယင်းရှောင်ကျဲကို

“ ငါကို ဂိတ်၀မှာ အစောင့်ကတားထားတယ်
သူကငါ့ကိုဝင်ခွင့်မပြုနိုင်ဘူးတဲ့  ဒီလိုကျောင်းကို ငါပြောင်းရွှေ့ခံခဲ့ရတာ မယုံနိုင်ဘူး "

မုရှောင်းရှောင်ရဲ့ မကျေမနပ်တိုင်သံကြားတော့ ယင်းရှောင်ကျဲက အသာလေးရယ်လိုက်တယ် မုရှောင်းရှောင်ကတော့  ယင်းရှောင်ကျဲရဲ့ တုန့်ပြန်မှုကို စိတ်ဆိုးလာကာ ကျိန်ဆဲလိုက်သည်
ယင်းရှောင်ကျဲ ကိုယ့်ကိုကိုယ် ပြန်ထိန်းလိုက်ကာ

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now