အပိုင်း - ၈၃

2K 222 1
                                    

Unicode

အပိုင်း - ၈၃  မင်းရဲ့ချစ်ခင်ပွန်းအတွက် သီချင်းလေးတစ်‌ပုဒ်လောက်

တတီတီနဲ့ မြည်လာတဲ့ ဖုန်းသံက သူတို့နှစ်ယောက်ရဲ့ ‌
စနောက် ကျီစယ်မှုကို ရပ်တန့်သွားစေသည် ယင်းရှောင်ကျဲ မြည်လာတဲ့ သူ့ဖုန်းကို ကိုင်ဖို့အတွက် မုရှောစင်းရှောင်ကို လွှတ်လိုက်သည်

ဟိုဘက်က ပြောတာကို နားထောင်ပြီးတဲ့နောက် သူ့ဘေးနားမှာ စပ်စုသလို အကြည့်နဲ့ ‌သူ့ကို ငေးနေတဲ့ကောင်မလေးကို ခေါင်းလေးပုတ်ပြီး

" သူတို့က ကစားပြီးပြီဆိုတော့ ဘားမှာ တစ်ခုခု သွား သောက်ချင်တယ်လို့ပြော နေတယ် လိုက်မလား မင်းကို အိမ်အရင် ပြန်ပို့ ပေးရမလား ?"

မုရှောင်းရှောင် ယင်းရှောင်ကျဲ စိတ်ကိုပြောင်းသွားမှာ ကြောက်လန့်သကဲ့သို့ လျင်မြန်စွာပဲ သူမရဲ့လက်က‌ လေးကို ကိုမြှောက်လိုက်ပြီး

  "ငါသွားချင်တယ် ငါသွားချင်တယ်!"

အမြန်ပြောခဲ့သည်။

ယင်းရှောင်ကျဲ သူမကို အိမ်မှာ တစ်ယောက်တည်း စွန့်ပစ်ပြီးဘားသို့ မသွားခွင့်ပြုမည်ကိုစိုးရိမ်ခဲ့သည်။

ယင်းရှောင်ကျဲ မတ်တပ်ရပ်ပြီး သူ့အ၀တ်နဲ့ ဘောင်းဘီ‌ကပ်တွယ်နေတဲ့ မြက်ပင်တွေကို ခါထုတ်လိုက်ကာ

  "ဒါဆိုလဲ သွားကြမယ်  "

မုရှောင်းရှောင်လဲ သူမထိုင်ထားတဲ့  ဂျာကင်အင်္ကျီကို ခါလိုက်ပြီး ယူလိုက်သည် သူတို့ထွက်လာတဲ့လမ်းကိုကြည့်လိုက်ပြီးတော့

“ ငါတို့ လမ်းလျှောက်ပြန်ရမှာလား? အရမ်းမဝေးဘူးလား ”

ဟုပြောလိုက်မိသည်။

သူမပြောစကား‌တောင် မဆုံးသေး ယင်းရှောင်ကျဲရဲ့ နီလာပြာရောင် ပြိုင်ကားက အမြင်ထဲပေါ်လာသည်
မောင်းလာတဲ့သူက အစောနက သူတို့အတွက်   အစားအစာလာပို့ပေးတဲ့သူပင်

အဲဒီကောင်လေး  ကားပေါ်က ဆင်းလာတော့ မုရှောင်းရှောင်  သူ့အကျီကို သူ့ဆီပြန်ပေးလိုက်တယ် ဒါ့အပြင်

  "ကျေးဇူးတင်ပါတယ် နော် !"

ဟု ပါ ပြောပြီး နှစ်သက်ဖွယ်ပြုံးပြလိုက်သေးသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now