အပိုင်း - ၅၄

2K 190 2
                                    

Unicode

အပိုင်း - ၅၄ မလိုအပ်တာကို ထပ်မပြောဘူး

"ကိုကိုရှောင်ကျဲ ... "

ပိုင်မိန်ကျောင်း စိတ်ဓာတ်ကျနေတဲ့မျက်ဝန်းနဲ့  ယင်းရှောင်ကျဲကိုကြည့်နေရင်း  သူမပုံစံက အရမ်းကို သနားစရာလေးဖြစ်နေကာ

"ထွက်သွား!" 

ယင်းရှောင်ကျဲ သနားစိတ် နဲနဲမှမရှိဘဲ စိတ်ရှုပ်စွာဖြင့်အော်လိုက်သည် ယခုအချိန်တွင် သူရဲ့ အသုံးအနှုန်းအားလုံးက ရက်စက်ပြင်းထန်နေကာ ဘေးပတ်ဝန်းကျင်ကလူတွေအကုန်လုံးကလည်းသူ့ကို ကြောက်ရွံ့နေကြသည်

ထို့အပြင် နူးညံ့သိမ်မွေ့တဲ့ ပိုင်မိန်ကျောင်းရဲ့ မျက်နှာကရုတ်တရက် အဖြူရောင်ကနေ စိမ်းလာသည်။

“ ဒါဆို ဆိုလိုတာက ရှင် ကျွန်မနဲ့ပြတ်ချင်တာလား?” 

သူမက ရှင်းလင်းသွား‌အောင် မေးလိုက်သည်  ယင်းရှောင်ကျဲ နှုတ်ကနေ အတည်ပြုပေးမှ ဖြစ်မည် ဒါမှလဲ သူမယုံကြည်ပြီး လက်ခံနိုင်မည်

ယင်းရှောင်ကျဲကတော့ အေးအေးဆေးဆေးစွာပဲ ပြောလိုက်တယ်

"ဟုတ်တယ်၊ ဒီနေ့ကစပြီးမင်းက ငါ ယင်းရှောင်ကျဲရဲ့‌ ကောင်မလေး မဟုတ်တော့ဘူး"

ပိုင်မိန်ကျောင်း မျှော်လင့်ထားပြီးသားဖြစ်ပေမယ့် ယင်းရှောင်ကျဲနှုတ်ကနေ တကယ်တမ်းကြားလိုက်ရတဲ့အခါ သူမရဲ့မျှော်လင့်ချက်တွေ တဖြည်းဖြည်းနှင့်ပြိုလဲသွားသည်။

ဒါပေမယ့် သူမ ရှေ့မှာရပ်နေတဲ့ အေးစက်စက် လူသားကတော့ သူမကိုတစ်ချက်ကလေးတောင် မကြည့်တော့ပေ  သူမဘဝရဲ့ သေခြင်းရှင်ခြင်းက သူနှင့်လုံးဝမသက်ဆိုင်တော့သလိုပင်

သူမတကယ်ပဲ လက်ခံရန် ခဲယဉ်းသည် ဘာကြောင့် သူက ဒီလိုမျိုး ရက်စက်နိုင်ရတာလဲ

သူမ ဒီလိုအကြောင်းကို အရင်ကကြားဖူးပေမယ့် သခင်ကျဲနဲ့ မအပ်စပ်ပါဘူးလို့ပဲ ထင်ခဲ့မိသည် သူတို့နှစ်ယောက်ချိန်းတွေ့ကြတဲ့အခါ မှာလဲ သူက သူမအပေါ် ကောင်း ပေးသည် ဒါပေမယ့် လမ်းခွဲပြီးသွားတဲ့နောက်မှာတော့ သူမဘာပဲဖြစ်နေဖြစ်နေ  သနားကရုဏာ ဖြစ်လိမ့်မည်မဟုတ်ပေ အတိတ်က ပတ်သက်ပြီးခဲ့တဲ့လူတယောက်ကို လုံးဝစဉ်းစားမှာ မဟုတ်တဲ့အပြင် ဂရုလဲစိုက်တော့မှာမဟုတ်ပေ

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now