အပိုင်း - ၆၀

2K 180 2
                                    


Unicode

အပိုင်း - ၆၀ ရှင် လူရော ဟုတ်ရဲ့လား

အကယ်၍ လုရိချန် ရှုံးမယ်ဆိုရင်‌ တာင် သူမကိုအပြစ်တင်လို့မရပေ  သူမက သူ့ထက် နဲနဲလေး ပို၍ စမတ်ဖြစ်‌လို့ပင်

နောက်အကြိမ် ပစ်လိုက်သည့် အခါတွင် မုရှောင်းရှောင်၏
ရမှတ်သည်  ၇ မှတ်ဖြစ်သည်။

လုရိချန်  မိမိအလှည့်ကို ရောက်တော့ ဘိုးလင်းကို ယူကာ သူ၏မျက်လုံးများသည် ပစ်ရမယ့် လမ်းကြောင်း အလယ်မှာ ရှိနေပြီး သေသေချာချာလေး ချိန်ပြီး ဘိုးလင်းကို ပစ်လွှတ်လိုက်သည် ဒီတစ်ကြိမ်တော့ ထောင်မတ်နေ‌တဲ့ ဘိုးလင်းပုလင်းတွေ အကုန်လဲကျသွားတော့သည် 

အမှတ် 10 မှတ်

မုရှောင်းရှောင် ရုတ်တရက်အံ့အားသင့်သွားပြီး  ဒီအခြေအနေကဘာလဲ?

ဘယ်သူက တစ်ကြိမ် နှစ်ကြိမ်ထဲနဲ့ အကုန်လဲအောင် ပစ်နျုင်မှာတဲ့လဲ ?

ဒါကသိပ်တော့ နည်းမကျဘူး

မုရှောင်းရှောင် ရှက်ရှက်နဲ့။

“ ရှင်ကံကောင်းသွားတာပဲ "

လုရိချန် ရှောင်းရှောင်ကို ပြန်ကြည့်လိုက်ပြီး အပြုံးတစ်ခုပင်ချိတ်ဆွဲကာ ဘာမှမရှင်းပြဘဲ သူမစကား‌ကိုသာ သံယောင်လိုက်

"ဟုတ်တယ်၊ ကံကောင်းသွားတယ် "

တတိယအကြိမ် ရှောင်းရှောင်ပစ်တဲ့ အခါမှာတော့
၂ မှတ်သာရရှိခဲ့သည်

လုရိချန်  စိတ်ဓာတ်ကသွားတဲ့ သူမကိုကြည့်လိုက်မိပြန်သည် သူရဲ့ မျက်နှာက အပြုံးတွေနှင့်အတူရှိနေဆဲဖြစ်သည်  လုရိချန် ဘိုးလင်းပစ်လိုက်တဲဲ့ အနေအထားမှာအလွန်လှပပြီး ကြည့်လို့ကောင်းသည်

ခလွမ်း  နောက်ထပ် ဆယ်ခုလုံးထပ်လဲပြန်သည်

မုရှောင်းရှောင် မေးရိုးလေး ပြုတ်ကျပြီး အံ့အားသင့်ခဲ့ရပြန်သည်

"ရှင်  ... "

မုရှောင်းရှောင် ဒီတစ်ခေါက်လဲ  တစ်ချိန်လုံး ကံမကောင်းပါစေနဲ့ဟုပြောပြီး စဉ်ဆက်မပြတ်ဆု‌တောင်းနေလို့  ထပ်ပြီး ကံကောင်းသွားလား မပြောတတ်ပေ ဒါပေမယ့် သေချာတာကတော့ ဒီတစ်ခေါက်က လုရိချန် ထပ်ပြီး ကံကောင်းတာ မဟုတ်ပေ ကစားတာ တကယ်ကို တော်တာပင် ဖြစ်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now