အပိုင်း -၂၄

2.4K 227 0
                                    

Unicode Version

အပိုင်း - ၂၄ မင်းက သူရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ကောင်မလေး

ယုချန် ထိတ်လန့်တုန်လှုပ်နေပြီးသူ့မျက်လုံးများက အပြင်ကို ခုန်ထွက်သွားတော့မလို ပြူးကျယ်နေတော့သည်

တကယ်ပဲလား မင်းက သူ့လျှို့ဝှက်ဆန်းကြယ်တဲ့ကောင်မလေးက ?”

“ သူမှာ တကယ်ပဲ ရည်းစားရှိ‌နေတယ်ပေါ့ ”

မုရှောင်းရှောင် လုရိချန် ရဲ့ အချက်အလက်ကို အမှန်တကယ်သိရှိရလိုက်တာ‌ကြောင့် ဘာမှ မတတ်နိုင်ပေးမယ့် နှမြောတော့ နှမြောမိသည်

ယုကျန်ကကြားပြီး

“ မင်းဘာကိုဆိုလိုတာလဲ နင်ကသူ့ရည်းစားမဟုတ်ဘူးမလား ?"

" ငါနင့်ကို နောက်လိုက်တာ‌လေ  မင်းဒါ‌လေးကိုတောင် မသိဘူးလား နောင်အနာဂတ်မှာငါနဲ့အတူဘယ်လိုနေမှာလဲ ကိုယ့်ကိုယ်ကိုပြန် စဉ်းစားကြည့်ပါဦး ! "

မုရှောင်းရှောင် အခြားသူအား နောက်ပြောင်လိုက်ပြီး
အခြားသူတွေ သူမရဲ့ လိမ်ညာနောက်ပြောင်တာကို ယုံရလောက်အောင်  တုံးအ‌နေတာကို အပြစ်တင်လိုက်သည်


"F * ck! ဒါဆို မင်းငါ့ကိုလိမ်ပြီးနောက်ပြောက်နေတာ‌ ပေါ့ မင်းက သူရည်းစားလို့ တကယ်ကြီးထင်သွားတာ"

ယုကျန်ရဲ့ စိတ်ဓာတ်ကျ နေတဲ့မျက်နှာကို  မုရှောင်းရှောင်  အသားလွတ်ကြည့်နေပေးလိုက်သည်

မုရှောင်းရှောင် ယုကျန်နဲ့ နောက်ကို ပေါင်းသင်းမယ်ဆိုရင်
သူမမှာ တာဝန်ရှိသည်ဟုခံစားလိုက်ရသည် ယုကျန်ကို သူမ သေသေချာချာ  သင်ပေးပြီး  လမ်းပြပေးရန်လိုအပ်သည် ဟုပါတွေးလိုက်သည်

" ယုကျန် နင် နောက်ဆို ငါ‌ နောက်လိုက်မည်ဆိုရင်
ဘယ်ဟာကဟာသလဲ ဘယ်ဟာက အမှန်တရားလဲဆိုတာကို သေချာခွဲခြားသိဖို့လိုတယ် နားလည်လား ?"

"အိုး ငါနားလည်ပြီ  "

ယုကျန်က အမြန်ပဲ ပြန်လည်ဖြေကြားလိုက်ပြီးမှ

"နေပါဦး ငါက ဘာလို့ နားလည်ရမှာလဲ ?"

"ကောင်းပြီ၊ ကောင်းတယ်၊ ဒါဆို ငါ့ကို အမြန်ပြောပါ လုရိချန် အကြောင်းအားလုံးပြောပြဦး လုရိချန်ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ကောင်မလေး ဟုတ်လား ? သူ့ရည်းစားက ငါတို့ကျောင်းမှာ မရှိဘူးလား ဘာကြောင့်လျှို့ဝှက်ဆန်းကြယ်တာလဲ ပြော ပြော"

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now