အပိုင်း - ၈၂

2K 221 1
                                    

Unicode

အပိုင်း - ၈၂ တစ်ဦးနဲ့ တစ်ဦး စနောက်

ယင်းရှောင်ကျဲ ရဲ့ စိတ်ပျော့ပြောင်းသွားသည်ဟုထင်မိသွားကာ မုရှောင်းရှောင်ရဲ့ မျက်လုံးများလင်းလာသည် ကောက်ပဲသီးနှံများကို ကောက်နေသောကြက်ကလေးတစ်ကောင်ကဲ့သို့ အသည်းအသန်ခေါင်းညိိတ်ပြီး

“ အင်း စားချင်တယ် !”

ယင်းရှောင်ကျဲက သူမကို ကြက်ကြော်ကို လှမ်းမပေးသေး ဲ

“ ငါရေငတ်တယ်"

မုရှောင်းရှောင် ရေပုလင်းတစ်လုံးကိုမြန်မြန်ဆန်ဆန်ကောက်ယူပြီး ယင်းရှောင်ကျဲကိုမပေးမီ အဖုံးကိုပါ ဖွင့်ပေးလိုက်သေးသည်

"ဒီမှာရေရှိတယ်"

ယင်းရှောင်ကျဲ စိတ်တိုင်းကျသွားကာ  ပြုံးလိုက်သည်

  “ တကယ်တော့ ငါ မင်းကို အချိန်ကြီး ကုန်းပိုးပြီး ဒီအထိ သယ်လာရတော့ ပခုံးက နာနေသလိုပဲ "

မုရှောက်းရှောင် အလျင်အမြန်ပဲ ထပြီး ယင်းရှောင်ကျဲ နောက် သွားကာ သူ၏ပခုံးများကို လက်ချောင်းကလေးတွေနဲ့ အသာအယာ နှိပ်ပေးလိုက်သည်

"ဒီလိုဆို အဆင်ပြေလား? အကြောပြေသွားပြီလား "


ယင်း‌ရှောင်ကျဲ အနည်းငယ်ခေါင်းညိတ်လိုက်သည်

"နဲနဲ‌တော့ အဆင်ပြေပါတယ် ကောင်းပြီ၊ လာ လာ ထိုင် ထိုင်"

မုရှောင်းရှောင် ယင်းရှောင်ကျဲရဲ့ စကားကိာ နာခံမှုရှိစွာနဲ့ပဲ ထိုင်လိုက်သည်  သူမရဲ့ တောက်ပမှောင်မိုက်သောမျက်လုံးများက သူ့ကို မျှော်ကြည့်ရင်း မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေသည် သူမရဲ့ အကြည့်‌တွေက ယင်းရှောင်ကျဲရဲ့လက်ထဲက  ကြက်ကြော်ကိုအာရုံစူးစိုက်လို့‌ နေသည်

“ မင်းပါးစပ်နဲ့ တစ်ခါကိုက်လို့ရမယ် "

ထိုစကားကို ကြားတော့ မုရှောင်းရှောင်ရဲ့ မျက်နှာသည်ချက်ချင်းပဲ ညိုမှောင်သွားတော့သည်  သူမ ဒါကိုလက်မခံချင်ပေ

ယင်းရှောင်ကျဲ သူမကိုကြည့်လိုက်ပြီး

"ဒါဆို မင်းက ဘယ်လောက်တောင် စားချင်နေတာလဲ?  မင်းပါးစပ်နဲ့ တစ်ခါကိုက်လို့ရတာကို မလိုချင်ဘူးဆိုလဲ ကောင်းပြီးပြီ၊ ဒါကိုမစားနဲ့တော့ !"

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now