အပိုင်း - ၅၆

1.9K 198 0
                                    

Unicode

အပိုင်း - ၅၆ မုရှောင်းရှောင်ကို  အဝေးကို ခေါ်ထုတ်သွားတဲ့လူက သူလား

မုရှောင်းရှောင် အခုလို ထူးဆန်းစွာ ပျောက်ဆုံး‌နေခြင်းက ယင်းရှောင်းကျဲကို တုန်လှုပ်စေပြီး စိတ်မကောင်းဖြစ်‌စေသည်  မတော်တဆ သူမ စိတ်ဆိုးပြီး မလုပ်သင့်တာတစ်ခုခုကို မိုက်မဲပြီး လုပ်မိသွားခဲ့ရင်ဆိုတဲ့ အတွေးက ယင်းရှောင်ကျဲကို ခြောက်လန့်ကြောက်ရွံ့စေခဲ့သည်။

Damn it !!!!!!!!!

ယင်းရှောင်ကျဲ  ဘာမှ မတတ်နိုင်ဘဲ ကိုယ်ကိုယ်ကိုပဲ အပြစ်တင်မိသည်  အဲအချိန်တုန်းက သူ အချိန်မဆွဲနေဘဲ ချက်ချင်းပဲ သူမနောက်ကို လိုက်သွားသင့်သည် ဘာကြောင့်များ  သူ မာနတခွဲသားနဲ့ စက္ကန့်အနည်းငယ် လောက် ငိုင် တွေပြီး အချိန်ဆွဲနေခဲ့ရတာလဲ

ယင်းရှောင်ကျဲ ငိုင်တွေသွားရလဲဆိုတော့ မုရှောင်းရှောင်  ရုတ်တရက်ငိုပြီး သူ့ကို လန့်သွားစေလို့ပင် ဒီလိုမှမဟုတ်ရင်သူက ဒီလို အမှားမျိုး လုပ်လိမ့်မည် မဟုတ်ပေ

ဝူဟောင်က ရှန်တကျောင်းရဲ့ နာမည်ကြီး လူတွင်ကျယ်စပ်စုစိန် ဖြစ်သည် ဒါ့ကြောင့်  သူက ကျောင်းကဖြစ်သမျှ အရာကိစ္စအားလုံးနဲ့ပတ်သက်ပြီး အပ်ကျတာကအစ အားလုံး သူသိသည် ဒါကြောင့်သူကချက်ချင်းပဲ အဖြေရှာဖို့   ဦးနှောက်ကို အားကုန် ဖျစ်ညစ်ပြီး  စဉ်းစားလိုက်သည် အကယ်၍ မုရှောင်းရှောင် ကျောင်းရဲ့ အဓိကဝင်ပေါက် ကနေ မထွက်သွားခဲ့ဘူးဆို သူမက အစောင့်တွေ သတိမထားမိဘဲ အခြားဘယ်နည်းလမ်းကိုများ သုံးပြီး ထွက်သွားနိုင်မှာလဲ

"ဟုတ်သား အကိုကျဲ ကျောင်းမှာ  CCTV တွေ ရှိတယ်မဟုတ်လား အဲဒါကို ကြည့်လိုက်ရင် သဲလွန်စတွေရနိုင်တယ် ထင်တယ် "

ယင်းရှေ။င်ကျဲ မုရှောင်းရှောင်ကို စိုးရိမ်လွန်ပြီး ကျောင်း CCTV  ကို မေ့သွားသည် ဝူဟောင်ပြောမှ ခေါင်းတညိတ်ညိတ်နဲ့ 

"ဒါဆို  အခုပဲ CCTV သွားကြည့်လိုက် "

ဝူဟောင်က ယင်းရှောင်ကျဲကို ခက်ခက်ခဲခဲကြည့်ပြီး

“ ဒါပေမယ့် ... အကိုကျဲ CCTV ကျောင်းအုပ်ကြီးကပဲကြည့်ခွင့်ရှိတယ်။ "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now