အပိုင်း -၂၉

2.3K 218 1
                                    

Unicode

အပိုင်း -၂၉ ရည်းစားတစ်ယောက်ကြောင့် သူမကို စွန့်ပစ်တယ်

ယင်းရှောင်ကျဲက

'မင်း‌ဘေးနားမှာ မင်းပြောတဲ့ အရမ်းချောတဲ့ကောင်လေးမရှိ‌တော့ဘူးလား သူ့ကို အိမ်လိုက်ပို့ခိုင်းလိုက်ပေါ့ ကြုံတုန်းလေး သူ့ကိုအခွင့်အရေးယူခိုင်းလိုက်ပေါ့  "

မုရှောင်းရှောင်က သူမပါးစပ်ကို မဲ့ရွဲ့လိုက်ကာ

"ငါဂရုမစိုက်ဘူးဟာ ရောက်ရာ အရပ်ကနေ ငါ့ကို ပြန်လာခေါ်"

သူမ က ယင်း‌ရှောင်ကျဲ  သေချာပေါက် သူ့ရည်းစားကို အိမ်ပြန်ပို့နေတာဖြစ်မည်ဟု သူမယုံကြည်သည် ဒါ့ကြောင့် သူမကို ဂရုမစိုက်တာပင်

သူမတွေးလေလေ သူမက ပိုဒေါသထွက်လာလေပင်
သူမဖုန်းထဲကနေ

"ယင်းရှောင်ကျဲ ဒီည ယင်းအိမ်ကိုပြန်မယ်ဆို ဘယ်လိုလုပ်
ငါ့ကိုထားခဲ့တာလဲ  သတိထားနော် မင်းရည်းစားလေးတစ်ယောက်အတွက်နဲ့ ငါ့ကိုစွန့်ပစ်ထားတယ်လို့ တိုင်ပြောပစ်မယ်"

"ဟဟ၊ မင်းကသုံးနှစ်အရွယ်ကလေးလေးလား
တိုင်‌ပြောရအောင် ”

ဟု ယင်းရှောင်ကျဲကလှောင်ပြောင်ပြောဆိုလိုက်သည်

မုရှောင်းရှောင်ကအရမ်းဝမ်းနည်းသွားကာ စိတ်ဓာတ်ကျစွာဖြင့် မြေပြင် ငုတ်တုပ်ထိုင်ချလိုက်သည်

"ယင်းရှောင်ကျဲ နင်မြန်မြန်လာခဲ့ "

မုရှောင်းရှောင် စကားပြောပြီးတာနဲ့ ပြိုင်ကားတစီးက
သူမ‌ရှေ့ရပ်လိုက်တယ်

"ဟင်?"

ယင်းရှောင်ကျဲ  သူမနဲ့ အတူတူ မနက်ခင်းကျောင်းတက်ချိန်တုန်းကမောင်းလာခဲ့တဲ့ ကားမဟုတ်ပေ 

ဖြစ်နိုင်ပါတယ်လေ

မုရှောင်းရှောင် ခေါင်းကို‌ မော့ပြီးကြည့်လိုက်‌တော့  ယင်းရှောင်ကျဲကို တွေ့လိုက်ရသည်

ယင်းရှောင်ကျဲ ကားပေါ်ကဆင်းလာကာ သူမရှေ့မှောက်၌ရပ်နေလိုက်ပြီး မုရှောင်းရှောင်ရဲ့ လက်ကို ဆွဲထူလိုက်ပြီး ထရပ်ခိုင်းလိုက်ကာ ရယ်မောလိုက်ပြီး

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now