အပိုင်း - ၅၉

1.9K 178 3
                                    

Unicode

အပိုင်း - ၅၉ သူမရဲ့ သနားတဲ့ အကြည့်

မုရှောင်းရှောင်ကို အံ့အားသင့်စေသည့်အချက်မှာ
လုရိချန်သည် ယခုတတိယနှစ်တွင်ရောက်ရှိနေပြီး အပြင်မှာ
လဲ အလုပ်လုပ်သေးသည် ယုကျန် ပြောခဲ့သလိုပဲ လုရိချန်ရဲ့ မိသားစုက သိပ်ပြီးတော့ မပြည့်စုံတာဖြစ်နိုင်သည်

သို့သော် လုရိချန်သည် ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ် နေသော ကျောင်းသားတစ်ဦးဖြစ်သည့်အပြင်  ပထမနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းကလဲ တကယ်အံ့သြဖွယ်ဖြစ်သည်။

ဟွေကောသည် အလွန်နားလည်မှုရှိပြီး မုရှောင်းရှောင်ကို ထပ်ပြီးတော့ စိတ်အနှောင့်အယှက်မပေးခဲ့ပါ၊

မု ရှောင်းရှောင် လုရိချန်ကို တအံ့တဩ ကြည့်ပြီး

“ ရှင်ဒီမှာအလုပ်လုပ်နေတာလား? ဒီနေရာက ကျောင်းကသိပ်ဝေးလွန်းတယ်"

လုရိချန် မုရှောင်းရှောင်ရဲ့ အမေးကို

“ ကိုယ်က ဒီမှာ စနေ၊ တနင်္ဂနွေနေ့တွေမှပဲ အလုပ်လုပ်ရတာပါ ဒီနေရာက ကိုယ့်အိမ်နဲ့လဲ သိပ်မဝေးဘူး၊ လခလဲ အတော်လေးမြင့်တယ်"

ဒါပေမယ့် လုရိချန် ဒီအကြောင်းကို မုရှောင်းရှောင်အား တကယ်မပြောချင်ပေ ဒါကြောင့် သူကခေါင်းစဉ်ကိုမြန်မြန်ဆန်ဆန်ပဲပြောင်းလိုက်ပြီးစက်ကိုဖွင့်လိုက်ကာ ဘောလုံးကိုယူပြီးသူမကိုပေးလိုက်သည်

" ရှောင်းရှောင် မင်းအရင်ပစ်ကြည့်လေ  "

‌မုရှောင်းရှောင်  တုံးအသူတစ်ယောက်မဟုတ်တဲ့အတွက်
လုရိချန်ကိုမေးခွန်းထပ်ထုတ်လိမ့်မည်မဟုတ်ပါ သူ မပြောချင်ရင်သူမကလဲ အတင်းဆက်ပြီးမမေးချင်ပေ

သူမဘောလုံးကိုယူပြီးချိုမြိန်စွာပြုံးပြလိုက်ကာ

"ကျွန်မတို့ပြိုင်ကြမယ်လို့မပြောခဲ့ဘူးလား ဘယ်လိုပြိုင်ကြမလဲ "

‌မုရှောင်းရှောင် Us မှာ ကစားခဲ့တဲ့  နည်းနဲ့ တရုတ်မှာ ကစားနည်း တူညီလား ဆိုတာကို သေချာမသိ‌ပေ

ထို့နောက် လုရိချန်ပေးတဲ့ ဘိုးလင်းဘောလုံးကိုယူကာပစ်ရမယ့်လမ်းကြောင်းရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီးဘောလုံးကို ပစ်လိုက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now