အပိုင်း - ၁၄

2.7K 264 2
                                    

Unicode Version

အပိုင်း - ၁၄  - ဒီကောင်မလေးဟာမထင်မှတ်ဘဲ သူ့ကို မုန်းနေတာလား

မုရှောင်းရှောင် ယင်းရှောင်ကျဲရဲ့ အရူးလိုဖြစ်နေတဲ့ ပုံစံကို
ဂရုမစိုက်ဘဲ ရေချိုးခန်းထဲ ၀င်လိုက်သည်  ယင်းရှောင်ကျဲကတော့ ရေချိုးခန်းထဲက သီချင်းညည်းသံလေးကိုပါ အဆစ် ကြားလိုက်ရသေးသည်

မုရှောင်းရှောင် မျက်နှာသစ် ကိုယ်လက် ဆေးကြောပြီးတဲ့နောက်အဝတ်တွေလဲလိုက်တယ် နောက်ဆုံးတော့ သူမထွက်လာကာ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်သွားချေပြီ

ယင်းရှောင်ကျဲ စိတ်မရှည်ပေမယ့်လည်း မုရှောင်းရှောင်ကို ထားခဲ့ပြီး ဂရုမစိုက်ဖို့ လုပ်ချင်ပေမယ့် သူကသူမကိုကျောင်းထိရောက်အောင်တော့ ခေါ်လာခဲ့သည်

မကြာခင်မှာပဲ ရှန်ဒဲ အထက်တန်းကျောင်းကို ယင်းရှောင်ကျဲရဲ့ကားလေးက ရောက်လာတယ် ဒီ‌ကျောင်းဟာ အဆင့်မြင့် ကျောင်းတစ်ခုဖြစ်လို့ အရမ်းကိုကြီးမားတယ် ဝေးကွာနေတဲ့ နေရာကပင် ခမ်းနားတဲ့ကျောင်းဂိတ်တံခါးကြီး ကိုတွေ့မြင်‌ နေရသည် ကျောင်းတံခါးမ‌ ရောက်ခင် တစ်မီတာ လောက်ရောက်တော့ မုရှောင်းရှောင်က

"ရပ်လိုက် ရပ်လိုက် ဒီမှာပဲ  ငါ့ကိုချပေး"

ယင်းရှောင်ကျဲ ကားကိုရပ်တန့်ပြီးအံ့သြစွာမေးရ‌ တော့သည်

“ ငါတို့ ကျောင်းထဲ မရောက်သေးဘူးလေ မင်းဘာလို့ဒီမှာဆင်းမှာလဲ”

မုရှောင်းရှောင်း ကားပေါ်ကဆင်းဖို့ ကျောပိုးအိတ်ကြိုးကို ယူလိုက်ကာ ပြုံးပြီးပြောလိုက်သည်

"ငါကျောင်းကို နင်နဲ့ အတူမသွားချင်ပါဘူး နင်နဲ့အတယသွားရင် မလိုအပ်ဘဲ အာရုံစိုက်ခံ‌နေရမယ် ငါ့ဘာသာငါ သိုသိုသိပ်သိပ်လေးပဲ နေပါရစေ တာ့တာ အရင်သွားနှင့် ငါ မနက်စာစားဖို့ တစ်ခုခု၀ယ်ပြီးမှပဲ ၀င်လာတော့မယ် "

"နင့်သဘောပဲ " ယင်းရှောင်ကျဲကတော့ ဂရုမစိုက်ပေ  သူကားထဲမှာ ထိုင်ချင်‌နေတဲ့ မိန်းကလေး‌တွေ သူရှေ့မှာ တပုံတပင်ကြီး ဘယ်လောက်‌တောင် များလိုက်သလဲ  ဒီကောင်မလေးက‌တော့ မထင်မှတ်ဘဲ သူ့ကို မုန်းနေတာလား

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now