အပိုင်း -၃၂

2.3K 239 9
                                    

Unicode

အပိုင်း- ၃၂ မင်းတို့ အတူတူအိပ်ရမယ်

"ဘာဖြစ်လို့လဲ? "

ယင်းရှောင်ကျဲ မုရှောင်းရှောင်ကို ဆက်ပြီး စနောက်ဖို့ကြိုးစားလိုက်ပေမယ့် ရုတ်တရက် သူနောက်ကနေပြီး သူတို့နှစ်ယောက်ကို အကြည့်စူးစူးတွေနဲ့ စိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ရလာတာကြောင့် ယင်းရှောင်ကျဲ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ကာ ကြည့်လိုက်မိသည်

ဒီနေ့ပွဲကို လာတဲ့ဧည့်သည်တွေ အားလုံးနီးပါးက သူတို့နှစ်ယောက်ကို ကြည့်လို့နေသည် ပြီးတော့  သူတို့ရဲ့မျက်နှာတွေက အသက်ငယ်ရွယ်တဲ့လူငယ်လေးတွေရဲ့ လူပုံလယ်မှာ ချစ်ကျီကစား‌ နေတဲ့ ပုံစံကို အားကျနေပုံပင်

အောင်မလေး

မုရှောင်ရှောင်ရဲ့ မျက်နှာလေးက ရဲရဲတောက်လောင်‌နေတဲ့မီးခဲလိုမျိုး နီရဲလာတော့သည် ။သူတို့က စနောက်နေတာဖြစ်ပေမယ့် သူတို့နှစ်ယောက်က အခု လူတွေအများကြီး‌ရှိနေတဲ့  စေ့စပ်ပွဲထဲမှာဆိုတာ မေ့သွားခဲ့သည် ။ အခုအချိန်က ရှက်စရာအကောင်းဆုံးပင် ...တကယ်တော့ သူတို့က လူတွေရဲ့ အမြင်မှာ နှစ်ယောက်သား တအားချစ်ကျွမ်း၀င်နေတဲ့ပုံပေါက်နေတာပင်

မုရှောင်းရှောင် လျင်လျင်မြန်မြန်ပဲ  ယင်းရှောင်ကျဲကိုတွန်းလိုက်ကာ အိမ်ပေါ်ကို ပြေးတက်သွားသည်

နောက်မှာတော့ လူကြီးတွေရဲ့ရယ်သံအချို့က  ပျံလွင့်လာခဲ့တော့သည်

........

"ဒါ‌တွေအကုန် နင့်ကြောင့်ပဲ  အကြီးအကျယ် ရှက်စရာကောင်းလိုက်တာ ဘာကိစ္စ ငါ့ကို နံရံကို တွန်းလိုက်ရတာလဲ " 

ဆိုတဲ့ အပြစ်တင်သံစွာစွာလေးက ယင်းရှောင်ကျဲရဲ့ကားထဲမှာ  ပေါ်ထွက်လာသည် ပြီးတော့  ဒီလိုရှက်စရာကောင်းတဲ့ ကိစ္စက ဒီအကောင်ကြောင့်ဆိုတာ တွေးမိပြီး ယင်းရှောင်ကျဲရဲ့ လက်‌မောင်းကို တဖတ်ဖတ်နဲ့ရိုက်နေမိသည်

ယင်းရှောင်ကျဲ ဘယ်လောက်ပဲ မျက်နှာ အရေထူတယ်ပဲ ပြောပြော  ဒီလိုအဖြစ်အပျက်ကိုတော့ နဲနဲလေးရှက်မိတာတော့အမှန်ပင် သို့သော် ဒီကောင်မလေးရဲ့ရှေ့မှာ ၀န်ခံလို့တော့ မဖြစ်ပေ ရှက်ပြီးသေရင် သေပါစေ ၀န်ခံလို့မဖြစ်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now