အပိုင်း - ၈၄

1.9K 213 0
                                    

Unicode

အပိုင်း - ၈၄ ဘုရင်နဲ့ အစေခံဂိမ်း

လူအားဘုံး ပျော်ရွှင်နေကြတဲ့ အချိန်မှာ ယင်းရှောင်ကျဲရဲ့
ဖုန်းက အသံမြည်လာသည် ယင်းရှောင်ကျဲ ဘယ်သူခေါ်တာလဲဆိုတာကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမလုပ်ဘဲ ဖုန်းချပစ်လိုက်သည်

မုရှောင်းရှောင် ယင်းရှောင်ကျဲကိုထူးဆန်းစွာကြည့်လိုက်ပြီး

"ကျဲ ဘယ်သူခေါ်တာလဲ !?? "

ယင်းရှောင်ကျဲ ပြန်မဖြေပေ   စက္ကန့်အနည်းငယ်အကြာတွင်ဖုန်းက ထပ်မံမြည်လာပြန်သည်

"ငါဖုန်းဆက်ဖို့ အပြင်သွားလိုက်ဦးမယ် "

ဟုသူကပြောပြီး   သူဆုပ်ကိုင်ထားတဲ့ မုရှောင်းရှောင်ရဲ့ လက်ကိုလွှတ်လိုက်ကာ မတ်တပ်ရပ်ပြီး အပြင်သို့ ထွက်သွားသည်။

ထိုအချိန်မှပဲ  လူအုပ်ကြီးက  မုရှောင်းရှောင်ကို စပ်စုဖို့
အခွင့်အရေးကို ရကြသည်

"မိန်းကလေး မင်းနဲ့ သခင်လေးကျဲက ဘယ်လိုတွေ့တာလဲ?  မင်းကတကယ်ပဲသူ့မိန်းမလား???  မင်းတို့က ဘယ်လိုပတ်သက်ကြတာလဲ??? "

မုရှောင်းရှောင်ရဲ့ ဖော်ရွေတတ်တဲ့ ပုံစံကြောင့် လူအုပ်ကြီးက သူမကို မေးခွန်းများ တရစပ် မေးကြ‌တော့သည်

သို့သော် သူတို့ ‌အလွာ်လလို့ ထင်နေတဲ့ မုရှောင်းရှောင်ကလျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြီးတော့သာ

“ ရှင်တို့ သိချင်ရင် သူ့ကိုမေးကြည့်လေ "

သခင်လေးကျဲကို မေးကြည့်ရမယ်  ဘယ်သူကဒါကိုလုပ်ဝံ့မှာလဲ???

ထိုအချိန်တွင် ချမ်းသာတဲ့ လူငယ်အချို့က ရှေ့သို့ထွက်လာပြီး မုရှောင်းရှောင်ကိုဝန်းရံလိုက်ကြသည်

"ဟေ့ ကလေး‌လေး ၊ ဂိမ်းကစားချင်လား?  "

  ဟန်ယွင်အာကို ရင်ခွင်ထဲထည့်ထားတဲ့ ကိုင်ထားတဲ့
သူဌေးသားတစ်ဦးက မျက်စပစ်ပြီး မေးလိုက်သည်

ယင်းရှောင်ကျဲကသူမကို မိတ်ဆက်ခဲ့မပေးသောကြောင့်
မုရှောင်းရှောင်ရဲ့  နာမည်ကိုမည်သူမျှမသိပေ

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now