အပိုင်း -၂၃

2.4K 239 0
                                    


Unicode Version

အပိုင်း -၂၃  သူနဲ့ဘယ်လိုဆက်ဆံရေးလဲ

မုရှောင်းရှောင် ယင်းရှောင်ကျဲ ဆီက ပြန်လာပြီးနောက် ဘာသာစကားသင်ကြားရတဲ့ အတန်းတစ်ခု ထပ်တက်ရသည်
ဒီအတန်းကလဲပဲ  သူမကို အိပ်ငိုက်စေပြန်သည် ဒါ့ကြောင့် သူမရဲ့ လက်တွေက မေးစေ့ကို ထောက်ထားပြီး ကြက်ပေါက်ကလေးက ဆန်စေ့ကောက်သလိုပုံစံလေးနဲ့ ငိုက်နေသည်

မုရှောင်းရှောင် ထက်စာရင် သူမရဲ့ခုံ‌ရှေ့ တည့်တည့်တွင် ထိုင်နေတဲ့ ယုကျန်ကမှ အတန်းထဲမှာ အလွန်လေး‌လေးနက်နက်နဲ့ဆရာမမေးတဲ့ မေးခွန်းများကိုဖြေဆိုရန် အဆင်သင့်ဖြစ်အောင်
သေချာအာရုံစိုက်နေသည်

နောက်ဆုံးတော့ မုရှောင်းရှောင် အတန်းပြီးဆုံးသည့်တိုင်အောင်သည်းခံပြီး‌နောက် ဆရာမစာသင်ခန်းမှထွက်လာသောအခါ၌မူ မုရှောင်းရှောင် လက်တွေကို ပျင်းရိစွာဆန့်ထုတ်လိုက်သည်။

"အာယိုး အိပ်ရတာတကယ်မလွယ်ဘူး နောက်ဆို ခေါင်းအုံးတစ်လုံး‌လောက် ယူလာရမလားမသိဘူး လည်ပင်းတောင် ကျီးပေါင်းတက်တော့မှာပဲ "

မုရှောင်းရှောင်သည်လက်နှစ်ဖက်ဖြင့်လည်ပင်းကိုကိုင်ထားပြီးဘယ်ဘက် ညာဘက်ကို တစ်လှည့်စီ လှည့်လိုက်ကာ ကြွက်သားတွေကို အကြောပြေအောင် ဆန့်နေလိုက်သည်

ယုကျန်  ‌မုရှောင်းရှောင်ကို ကြည့်ဖို့လှည့်လိုက်သည် မုရှောင်းရှောင်ရဲ့ ပျင်းရိနေတဲ့ပုံစံကိုကြည့်ပြီး ရယ်ရမလား ဒါမှမဟုတ်ငိုရမလား မသိပေ

"မင်း အသံတွေထွက်ပြီး အိပ်ပျော်တာ သိရဲ့လား ငါတောင်မှ မင်းရဲ့ အိပ်ငိုက်ခြင်း‌တွေ ကူးစက်ခံရတော့မလို့ပဲ "

မုရှောင်းရှောင် စားပွဲခုံကို လက်ထောက် အားယူလိုက်ပြီး
ဖြည်းဖြည်းလေး ထလိုက်ကာ

" နောက်ဆုံးတော့အတန်းတွေပြီးသွားပြီ။ ငါ ဗိုက် အရမ်းဆာနေပြီ၊ တစ်ခုခုသွားစားကြရအောင် ကန်တင်းကဘယ်မှာလဲ အစားအစာ‌တွေက‌ရောအရသာရှိရဲ့လား?"

"မုရှောင်းရှောင် မင်းအခုပဲ အိပ်ပြီးတော့ စားဖို့ တွေးနေတယ်
မုရှောင်းရှောင် မင်းကဝက်လား"

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now