အပိုင်း - ၇၀

2.5K 265 5
                                    

Unicode

အပိုင်း ၇၀ ဒီမှာ ညအိပ်လိုက်

"ဒီကိုလာခဲ့ " 

ယင်းရှောင်ကျဲ မုရှောင်ရှောင်ရဲ့ လက်ကိုကိုင်ပြီးဆိုဖာမှဆွဲခေါ်ကာ ပြင်သစ်စတိုင် မှန်တွေနဲ့ လုပ်ထားတဲ့ ပြတင်းပေါက်သို့ခေါ်ဆောင်သွားခဲ့သည်

မုရှောင်းရှောင် မှန်ပြတင်းကနေပြီး အပြင်ရှုခင်းကိုကြည့်လိုက်တော့  မြစ်ကမ်းနားနဲ့နီးတာကြောင့် မြို့တစ်ခုလုံးကို‌ ရော မြစ်ကိုပါ အလှဆုံး အနေအထားနဲ့ မြင်ရသည် မြစ်မှာရှိနေတဲ့ တံတားကြီးက နှစ်ဖက်လုံးကို လင်းလက်တောက်ပတဲ့ မီးအလင်းများဖြင့် ထွန်းထားတာကြောင့် မြို့တစ်ခုလုံး မီးရောင်စုံ ထွန်းထားသလိုဖြစ်နေကာ အရမ်းကို လှပတဲ့ ရှုခင်းတစ်ခုကိုလှမ်းမြင်နေရသလိုခံစားရသည်

"ဟိုကို တစ်ချက် ကြည့်နေလိုက်  " 

ယင်းရှောင်ကျဲ နေရာတစ်ခုကို  ညွှန်ပြပြီး မုရှောင်းရှောင်ရဲ့ ဘေးဘက်ကမှန်ကိုမှီလိုက်ကာ  အမှောင်ရိပ်ကနေ မုရှောင်းရှောင် ဖြစ်လာမယ့် မျက်နှာအမူအရာကို စောင့်ကြည့်မိသည်

"ဘယ်နေရာကိုလဲ" 

မုရှောင်းရှောင် ယင်းရှောင်ကျဲ ညွှန်ပြသည့်နေရာကို ကြည့်လိုက်တော့ ဘာမှမတွေ့ရသဖြင့် ရှုပ်ထွေးစွာပြန်ကြည့်လိုက်သည်

အဲဒီမှာဘာမှမရှိဘူးလေး မှန်ပြတင်းကနေ မှောင်မဲနေတဲ့ မြင်ကွင်းကြီးပဲ ရှိတယ်လေ

မုရှောင်းရှောင် တွေးလို့မပြီးစီးခင် ယင်းရှောင်ကျဲ ညွှန်ပြတဲ့နေရာမှာ ကောင်းကင်ကို တစ်ခုခုပစ်လွှတ်လိုက်သလိုမျိုး ငွေရောင်အလင်းရောင် ပြေးထွက်သွားသည်ကိုသူမတွေ့လိုက်ရသည်  ထို့နောက် တစ်စက္ကန့်အကြာမှာ‌တော့ အသံတစ်သံထွက်ပေါ်လာပြီး အရောင်အသွေးစုံသည့်ပန်းချီကားတစ်ချပ်နှင့်တူသည့် မီးရှုးမီးပန်းတွေက ပေါက်ကွဲကာ ရောင်စုံ အလင်းများ တစ်ဖွားဖွားလွင့်စင်လာတော့သည်

"Wow - ဒါဟာမီးရှူးမီးပန်းပဲ  မီးရှူးမီးပန်း " 

မုရှောင်းရှောင် အံ့အားသင့်စွာဖြင့်အော်လိုက်ပြီး ယင်းရှောင်ကျဲရဲ့ အင်္ကျီလက်များကို စိတ်လှုပ်ရှားစွာ ဆွဲပြီး လှုပ်ယမ်းလိုက်မိသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now