အပိုင်း - ၈၆

2K 220 0
                                    

Unicode

အပိုင်း - ၈၆ ငါ့နားက ထွက်သွား

ဟန်ယွမ်အာ မုရှောင်းရှောင်ရဲ့ လက်မောင်းသေးသေးကိုဆုပ်ကိုင်ကာ သူမကို မပြီး သယ်ဟန်ပြင်လိုက်သည်

"နင်က ဘယ်သူလဲ?"

သူမရဲ့ နူးညံ့သောမျက်နှာ‌နားကို ဟန်ယွမ်အာရဲ့ မျက်နှာက ထိလုနီးပါးထိကပ်သွားတာကြောင့် မုရှောင်းရှောင်က သူမကိုစိတ်ရှုပ်ထွေးစွာကြည့်ပြီး သူမမျက်နှာနားက‌နေ ဖယ်ထုတ်ရန် ကြိုးစားလိုက်သည် ။

မုရှောင်းရှောင်း ဟန်ယွမ်အာ ကိုယ်ပေါ်မှာ စွတ်ထားတဲ့ ရေမွှေးနံ့က စူးရှပြီး အနံပြင်းလွန်းတာကြောင့် သူမနှာခေါင်းရှုံ့လိုက်ပြီး စိတ်ဆိုးဆိုးနဲ့  တွန်းဖယ်လိုက်သည်။ 

"နင့် အနံ့ကြီးက ဆိုးလိုက်တာ ၊ ငါ့နားကနေ ထွက်သွား "

ဟန်ယွင်အာရဲ့ မျက်နှာကြီးသည် အင်မတန် နီရဲလာကာ

ဒီကောင်မကတော့ ငါ့ကို နံတယ်လို့ပြောဖို့ အသိရှိနေသေးတယ်

မုရှောင်းရှောင်ရဲ့ သေးသွယ်ပြီး ဖွေးဥနေတဲ့  မျက်နှာကို စုတ်ပြတ်သွားအောင် သူမရိုက်နှက်ပစ်လိုက်ချင်သည်
  ဒါပေမယ့်ကြည့်ရှုသူအများကြီးနဲ့မို့ သူမ စိတ်ရှိတိုင်း မလုပ်နိုင်ပေ အတင်းအကြပ် မျက်နှာပေါ်က အပြုံးကိုသာ ထိန်းသိမ်းရန်မှ တစ်ပါး အခြားရွေးချယ်စရာလဲမရှိ

"ငါက ယွမ်အာပါ ၊ မင်းအရမ်းမူးနေတယ်၊ ​​ဒါကြောင့် မင်းအနားယူဖို့ ငါ့စီစဥ်ထားတယ် ငါ့ကိုခေါ်သွားခွင့်ပြု ဟုတ်ပြီလား ?"

မုရှောင်းရှောင် မျက်နှာ ဖြူဖြူဥဥ‌လေးက နီရဲနေကာ
ဆွဲဆောင်မှုကိုပေါ်လွင်စေသောဟန် လေးဖြင့် ဟန်ယွမ်အာပြကို မျက်လုံးလေးစင်းပြီး ကြည့်လိုက်သောအခါ ဟန်ယွမ်အာ ပို၍ ဒေါသထွက်လာရသည်။ မုရှောင်းရှောင်အား အခန်းလွတ်တစ်ခုထဲသို့ခေါ်ဆောင်သွားပြီး သူမကို အနည်းငယ်ရိုက်နှက်ဖို့ တွေးထားသည်

သူမထိုအကြောင်းတွေးရင်း တွေးရင်းနဲ့ ပျော်ရွှင်သွားရသည်။

ဟန်ယွင်အာရဲ့ အပြုံးသည် အလွန် ကျေနပ် သဘောကျ နေပုံပေါ်သည်။ ထို့နောက်သူမသည်  မုရှောင်းရှောင်ကို အံ့ဩသွားစေမယ့် လက်ဆောင်လေးလဲ အထူးသီးသန့်ပြင်ထားသေးသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now