အပိုင်း - ၉၆

1.9K 215 4
                                    

Unicode


အပိုင်း - ၉၆ သူမကိုထပ်နမ်းချင်



မုရှောင်းရှောင်  ရှက်ရွံ့စွာဖြင့် သူမလက်က ယင်းရှောင်ကျဲ ဆီက ထပ်မံပြီး‌‌တော့ ဆွဲလုရန် လက်လှမ်းလိုက်သည်။ 
ဘာပဲဖြစ်ဖြစ်ဒါဟာ သူမရဲ့ အတွင်း အဝတ်အစားပင် အဲဒါက ယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာ ရောက်နေပြီး သူမကို အရှက်ခွဲဖို့ရောက်‌နေတဲ့ အရာ တစ်ခုလိုခံစားရတယ်။

ဟင့်အင်း၊ ဒါက ဘယ်လိုမှ မဖြစ်သင့်ဘူး ။

ယင်းရှောင်ကျဲ အိမ်မှာမရှိတာကြောင့် သူမဒီလိုစားပွဲပေါ်တရဲရဲကြီး တင်ထားတာပင် မမျှော်လင့်ဘဲ သူပြန်လာလိမ့်မယ်လို့ ထင်မှာလဲ?

"ဒါ လေးကိုင်တာကို နှာဘူးလို့ခေါ်တာလား? " 

ယင်းရှောင်ကျဲ မျက်ခုံးကိုပင့်လိုက်ပြီး ဆိုးညစ်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ ပြီးတော့  သူမလက်ကိုဆန့်ထုတ်လိုက်စဉ် သူက သူမလက်ကိုဖမ်းပြီး သူမကို ဆိုဖာပေါ် ပစ်တင်လိုက်သည်။  ထို့နောက် သူမကိုဆိုဖာထောင့်စွန်းမှာ ချုပ်ထားလိုက် တော့သည်။

"ယင်းရှောင်ကျဲ မရှုပ်နဲ့။ မြန်မြန်ပြန်ပေး နင်က ယောကျာ်းလေး အခု မိန်းကလေးတစ်ယောက်ရဲ့အတွင်းခံဘောင်းဘီကိုကိုင်ထားတာ။ နင်အရှက်မရှိဘူးလား ???" 

မုရှောင်းရှောင်မျက်နှာကနေ လည်ပင်းအထိ အနီရောင်သန်း‌ နေကာ တရှူးရှူးဖြစ်လာပြီး ဒေါသထွက်နေသည့် အရိပ်‌အရောင်လဲ ထွက်ပေါ်လာသည်

ယခုအချိန်တွင် သူမသည် အတွင်းခံဘောင်းဘီကို
ပြန်ပြီး လုထို့ကလွဲပြီး အခြားအတွေး သူတို့ အနေအထား
ဘယ်လိုရှိနေသည်ကိုလဲ သတိမပြုမိခဲ့ပေ

"ငါက နှာဘူးတစ်ယောက်လို့ မင်းမပြောခဲ့ဘူးလား။ ဒါဆိုနှာဘူးတစ်ယောက်ရဲ့ အဓိပ္ပါယ်ကို မင်း သေချာ နားလည်သွားအောင် သက်သေပြပေးမယ် " 

ယင်းရှောင်ကျဲ လတ်ခနဲ စိတ်ကူးတစ်ခုကို စဉ်းစားမိနေပုံရပြီး၊ သူရဲ့ နှုတ်ခမ်းသည်ဆိုးဝါးသောအပြုံးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now