အပိုင်း -၂၈

2.3K 229 0
                                    

Unicode

အပိုင်း - ၂၈  နင်တကယ်ပဲ လုရိချန်ကို ကြိုက်တာလား

"မြန်မြန်ပါးစပ် ဟပြီး စား "

မုရှောင်းရှောင်း အပြုံးလေးနဲ့ စောင့်နေပေမယ့်လဲ သူမရဲ့အသံကတော့ စိတ်မရှည်တော့ပေ

ယုကျန် ရယ်လိုက်ပြီး သူ့ပါးစပ်ကိုဖွင့်ကာ မုရှောင်းရှောင် ခွံ့ကျွေးတဲ့ ၀က်သားကို စားလိုက်သည်

"အရသာရှိရဲ့လား"

"အင်း အရသာရှိတယ်!"

ဟု ယုကျန် အလျင်အမြန်ခေါင်းညိတ်မိသည် အရသာရှိတာပေါ့ အလှလေးတစ်ယောက်က ခွံကျွေးတာပဲကို

"ဒါဆို အခု ငါနင့်ပန်းကန်ထဲက ဟာကို စားချင်တယ် ငါ့ကို ပြန်ခွံ့ကျွေး"

မုရှောင်းရှောင် ဘယ်သူမှ မတိုက်တွန်းဘဲ ယင်းရှောင်ကျဲကို ခိုးကြည့်လိုက်သည်

ယင်းရှောင်ကျဲကတော့သူမကိုကြည့်နေရင်း သူ့ရည်းစားနဲ့ အတူ လမ်းလျှောက်နေတုန်းပင်

"ဘာစားချင်လဲ ငါးစားမလား ဒါမှမဟုတ် အမဲသားစားမလား"

ယုကျန်ကမေးလိုက်သည်

"ရတယ် တစ်ခုရွေးလိုက် အမြန်!"

ယုကျန်က အသားတစ်ဖဲ့ကို ယူပြီး ကောက်ကိုင်လိုက်ကာ
သူမရဲ့ပါးစပ်နားကို တိုးသွားလိုက်ပြီး

"အာ ... ဟ "

အဲဒီချိန်မှာ ယင်းရှောင်ကျဲ က ကန်တင်းကနေထွက်သွားပြီး
မုရှောင်းရှောင်ကိုလဲ မကြည့်တော့ပေ

မုရှောင်းရှောင် ယင်းရှောင်ကျဲ ထွက်ကိုသွားတာကို တွေ့သောအခါ သူမ Show လုပ်နေတာကို ရပ်လိုက်သည် သူမ
ယုကျန်ရဲ့ တူကိုတွန်းလိုက်ကာ

" နင့်ဘာသာနင်စားလိုက်တော့ ငါမစားချင်တော့ဘူး"

ယုကျန်က မုရှောင်းရှောင်ကိုရှုပ်ထွေးစွာကြည့်လိုက်သည်
ပြောင်းလဲမှုမြန်လိုက်တာ ‌စောနပဲ ချိုမြိန်နေပြီးတော့

"ရှောင်းရှောင် , ဘာမှားလို့လဲ? ငါးမစားချင်ဘူးလား အဲဒါဆို အမဲသားကျွေးမယ်‌လေ ရလား?"

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now