အပိုင်း - ၉၉

2K 172 1
                                    

Unicode

အပိုင်း - ၉၉  မင်းအဲဒါကို စမ်းမ၀တ်ကြည့်‌တော့ဘူလား?


သူ့ကိုစိုက်ကြည့်ပြီး

"ငါ့ကို ဘာလို့ ဒါတွေရွေးပေးနေတာလဲ? ၊ ဒီအ ၀တ်တွေကိုငါမကြိုက်ဘူး၊ မ ၀ယ်နဲ့ "

သို့သော် သူမက မ ၀ယ်ရဟု တားတဲ့အခါ ယင်းရှောင်ကျဲ က ရွေးထားတဲ့ ပစ္စည်းများအတွက် ချက်ချင်းငွေပေးချေခဲ့သည်။  သူမအဲဒါတွေကို ၀တ်လား မ၀တ်လား စစ်ဆေးကြည့်ဖို့ တောင် မလုပ်ခဲ့ပေ

မုရှောင်းရှောင် အလွန်ဒေါသထွက်သွားပြီး သူ့ပခုံးအား နှစ်ချက်‌လောက် ရိုက်လိုက်သည်

"ကျဲ နင် အရမ်းဖြုန်းတီးတာပဲ  ဒီအ၀တ်တွေက အရမ်းစျေးကြီးတာဘဲ။ ငါ့ကို မတိုင်ပင်ဘဲ ၀ယ်ပစ်လိုက်တယ် အဲဒါတွေကို  ငါမကြိုက်ရင် အဲဒါကအမှိုက်ပုံးထဲ ရောက်သွားမှာမဟုတ်ဘူးလား? "

ပိုက်ဆံအရမ်းရှာရလွယ်တယ်လို့ သူထင်နေတာလား?

သူက အဝတ်အစားဆယ်စုံစာအတွက် ယွမ် တစ်သိန်းကျော် ဖြုန်းခဲ့တယ်

ယင်းရှောင်ကျဲ ပြုံးနေကာ

"ငါ့မိန်းမအတွက်ဒါတွေကိုငါ ၀ယ်လိုက်တယ်။ အဲဒါဘာဖြစလဲ? "

"နင် အခု  ၀ယ်ထားတဲ့စကတ် ဈေးကိုကြည့်လိုက် တစ်စုံကယွမ်နှစ်သောင်းကျော်တယ် အဲဒါကဓားပြတိုက်တာမဟုတ်ဘူးလား။ ပစ္စည်းက  အရမ်းလဲကောင်းနေတာ မဟုတ်ဘဲနဲ့  ရွှေတောင် အဲလောက် ဈေးမကြီးဘူး။ ဒါဘယ်လောက်စျေးကြီးလဲ?  "

"နာမည်ကြီးတံဆိပ်ပစ္စည်းတွေက စျေးကြီး‌နေကြပဲကို ဘာပဲဖြစ်ဖြစ်ကြည့်ကောင်းသရွေ့အဆင်ပြေပါတယ် "

"ကြည့်ကောင်းတယ်? ၊ ဒါပေမယ့်ဒီအ၀တ်တွေကို
ငါမကြိုက်ဘူး"

ယင်းရှောင်ကျဲကမျက်လုံးလေးမှိတ်ပြီး

"မင်းငါဝယ်ထားတဲ့အဝတ်အစားတွေကို စမ်းမ၀တ်ကြည့် တော့ဘူးလား? "

မုရှောင်းရှောင် ဆိုဖာပေါ်သို့နောက်သို့လဲကျသွားပြီးညည်းတွား နေမိသည်။သူမသေလုမတတ်ခံစားနေရသည်။

နောက်ဆုံးတော့သူဘာကြောင့်ဓာတ်ပုံကိုသိမ်းထားချင်လဲဆိုတာသူမနားလည်လိုက်သည်။  ယခုသူသည် သူမရဲ့အားနည်းချက်ကို ဆုပ်ကိုင်ထားသောကြောင့် သူ့ကိုဖီဆန်ရန်ခက်သည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now