အပိုင်း - ၇၂

2.2K 236 2
                                    

Unicode

အပိုင်း - ၇၂  ငါ့အတွက် သိုး ရေတွက်ပေး

နောက်တော့ မုရှောင်းရှောင် မူလတန်းတက်ပြီးတာနဲ့
အမေရိကသို့ ပညာတော်သင် သွားခဲ့သည်  ဆောင်းရာသီကျောင်းပိတ်ရက်တွင်သာ တရုတ်သို့ အလည်အပတ်လောက်သာ  ပြန်လာခဲ့သည်။  ထို့နောက်သူတို့နှစ်ဦး တွေ့တာ တဖြည်းဖြည်း နည်းလာပြီး အနေလဲ စိမ်းသွားသ ည်

မုရှောင်းရှောင်

“ အိုကေ၊ ဒါဆို နင့်ကို ကျဲလို့ခေါ်ပေးမယ်။  ဒါပေမယ့် နင် ငါ့ကို သိုးရေတွက် ‌ပေးရမယ် ”

" သိုးရေတွက် ‌ပေးရမယ် ”

ယင်းရှောင်ကျဲ ထူးဆန်းတဲ့ စကားတွေ ပြောနေတဲ့ မုရှောင်းရှောင်ကို ကြည့်လိုက်သည်။

မုရှောင်းရှောင် ရယ်လိုက်ပြီး

“ အင်း ဟုတ်တယ် ငါအိပ်လို့မရဘူး အိပ်ရာ၀င်တာ အရမ်းနောက်ကျသွားပြီ  တကယ်လို့ ငါအိပ်မပျော်ဘူးဆိုရင် ငါ့လို ငယ်ရွယ်တဲ့ အမျိုးသမီးလေးရဲ့ အသားအရေအတွက်
မကောင်းဘူး ဒါကြောင့် အိပ်ပျော်ချင်တယ် နင်ကူပြီး  သိုးရေတွက်‌ပေး  လုပ်ပါ ရေပေးနော် "

ယင်းရှောင်ကျဲ လက်မြောက်အရှုံးပေးလိုက်ကာ ဒီ ကောင်မလေးကတော့ သူမကိုယ်တိုင် ရေရမှာ အရမ်းပျင်းလွန်းလို့ သူ့ကိုရေတွက်စေချင်တာပင် .....ဒီကောင်မလေး  ဉာဏ်တော့ တော်တော်ပြေးသည်

"ကောင်းပြီ၊ ငါရေတွက်‌ ပေးမယ်  ဒါပေမယ့် သိုးရေတာကခေတ်မမှီတော့ဘူး "

"ဒါဆို ဘာက ခေတ်မှီတာလဲ"

  မုရှောင်းရှောင် ယင်းရှောင်ကျဲကို တရုတ်ကို ပြန်လာတိုင်း ဒီမေးခွန်းကို မေး‌လေ့ရှိသည် ယင်းရှောင်ကျဲကို မေးမှ သူမတရုတ်ရဲ့ နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်း  ပတ်သက်ပြီး သိရသည်

ယင်းရှောင်ကျဲ ကတော့ သူမ အမေးကို 

"ဖက်ထုပ်ရေတယ် အခု ဖက်ထုပ်ရေတာက ခေတ်မှီတယ် "

“ ဟားဟား၊ ဖက်ထုပ်လား အရမ်းရယ်ရတယ်။ ကောင်းပြီ၊ ရေတွက် ရေတွက်”

ဟု သူမကိုယ်သူမ အိပ်ပျော်စေရန် ခန္ဓာကိုယ် အနေအထားပြောင်းလိုက်ပြီး  ယင်းရှောင်ကျဲ  ရေတွက်ပေးမယ့်
'ဖက်ထုပ်' အတွက် အသင့်  ပြင်ဆင်လိုက်သည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now