အပိုင်း - ၇၈

2K 244 0
                                    

Unicode

အပိုင်း - ၇၈ မင်းယောက်ျားရဲ့ အစွမ်းအစကို လေးစားသွား စေရမယ်

ယင်းရှောင်ကျဲ ရှေ့က ပြေးလမ်းကိုစူးစိုက်ကြည့်ရင်း

“ အိုကေ”

ဟု သဘောတူစွာဖြင့်ပြောလိုက်သည်

မုရှောင်းရှောင် ယင်းရှောင်ကျဲဆီက သဘောတူကြောင်းကို သိရတော့မှ ဖျော့တော့စွာ ပြန်ပြုံးပြလိုက်သည်

"သေချာလေးထိုင်ပြီး ကောင်းကောင်းကိုင်ထား မြန်မြန်ဆန်ဆန်အဆုံးသတ်ဖို့ ငါကြိုးစားလိုက်မယ်"

ယင်းရှောင်ကျဲဟာဘယ်တော့မှ ပြိုင်ပွဲနဲ့ပတ်သတ်ပြီး ဒီလောက်လေးနက်မှုမရှိခဲ့ဘူးပေ  အားကစားပြိုင်ပွဲတစ်ခုလိုပဲ ပေါ့ပေါ့ပါးပါး သဘောထားကာ ပြိုင်လေ့ရှိသည် ပြိုင်ဘက် ကောင်းတစ်ဦးဦးရှိမှသာ သူ အနည်းငယ်ပိုပြီး အလေးထားတာဖြစ်သည်  ယခုတစ်ကြိမ်တွင်‌တော့ သူရဲ့ကိုယ်ခန္ဓာရှိ ဆဲလ်များကပင် သေချာ အလေးထား အာရုံစူးစိုက်ရတော့မည်

သူတို့နှစ်‌ယောက်ရဲ့ နီလာပြာရောင် ကားလေးက အခြားကားတွေရဲ့ နောက် ဝေးဝေးမှာ ကျန်ခဲ့ပြီဖြစ်သည် မုရှောင်းရှောင် သူတို့ကိုလိုက်မီဖို့မဖြစ်နိုင်ဘူးလို့ ထင်မိသွားသည်

သို့သော် ယင်းရှောင်ကျဲက မဖြစ်နိုင်သည့်အရာကို ဖြစ်‌အောင်လုပ်တတ်တဲ့ စရိုက်ရှိသည်

"အင်း!"

မုရှောင်းရှောင် ခေါင်းကို ညိတ်ပြလိုက်ပြီး တစ်ခါထပ်ပြီး အရှိန်မြန်လွန်းတဲ့ ကားကို စီးရန် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြင်ဆင်လိုက်သည်။

ကံကောင်းထောက်မစွာ ယင်းရှောင်ကျဲက ကားကို ရပ်မပစ်လိုက်ဘဲ အမြန်နှုန်းကိုသာလျှော့ချပြီး ပုံမှန်အတိုင်း မောင်းခဲ့တာဖြစ်သည် မဟုတ်ရင် သူဟာ Iron Man ဖြစ်ခဲ့ရင်တောင် ဒီအခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး။

ယင်းရှောင်ကျဲ ကားထိုင်ခုံခါးပတ်ကို တင်းကြပ်စွာ  ဆုပ်ကိုင်ထားတဲ့ မုရှောင်းရှောင်ကို တစ်ချက်ကြည့်ပြီးမှ  တဖြည်းဖြည်း သူခြေထောက်အောက်ရှိ လီဗာကို နင်းကာ အရှိန်မြှင့်တဟုန်ထိုး တိုးမြှင့်လိုက်တော့သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now