အပိုင်း - ၁၃

2.9K 272 0
                                    

Unicode Version

အပိုင်း - ၁၃ - မလိုက်နာချင်လဲ လိုက်နာရမှာပဲ

“ ဟေး ရှောင်းရှောင် ရေမချိုးခင် ရှင်းရှင်းလင်းလင်းပြောသွားဦး ”

“ ဘန်း”ဆိုတဲ့ အသံနဲ့အတူ ယင်းရှောင်ကျဲရဲ့ ရှေ့မှာရှိ‌‌နေတဲ့ အခန်းတံခါးကိုပိတ်သွားသည် ယင်းရှောင်ကျဲရဲ့ ဂုဏ်ယူရတဲ့ နှာခေါင်းမြင့်မြင့်ကိုပါထိလုနီးပါးပင်

ယင်းရှောင်ကျဲ တံခါးကိုထုရိုက်လိုက်ပြီး အော်လိုက်ကာ

“ မုရှောင်းရှောင် တံခါးဖွင့်ပြီး အပြင်ထွက်လာခဲ့ "

ခဏအကြာမှာတော့  မုရှောင်းရှောင် လက်ထဲမှာ လဲမယ့် အဝတ်နဲ့အတူ တံခါးကိုဖွင့်လှစ်လိုက်သည် ပြီးတော့ တံခါးဘောင်ကို လက်ထောက်လိုက်ကာ ယင်းရှောင်ကျဲကို ကြည့်လိုက်ပြီး

"ငါတကယ်ပဲ အခုအိပ်ချင်နေပြီ မနက်ဖြန်မှ ဆက်ပြီးပြောလို့ရမလား ? "

စိတ်မရှည်စွာ ပြောပြီး ရေချိုးခန်းဆီကို ဦးတည်လိုက်သည်

ယင်းရှောင်းကျဲ မုရှောင်းရှောင်ကိုကြည့်ပြီး ဆက်မေးရန် နည်းလမ်း ရှာမတွေ့ပါ သူမပင်ပန်းနွမ်းနယ်နေသော မျက်နှာလေးကို ယခုမှပဲ အာရုံစိုက်မိကာ ဆက်ပြီးမေးဖို့ မေ့လျော့သွားရသည်

....................................

နောက်တစ်နေ့ထိ မုရှောင်းရှောင် အိပ်ရေး၀အောင် သက်တောင့်သက်သာ အိပ်ခဲ့ရ‌လေသည် သူမအပြင်ဘက်မှအသံအချို့ကြားရတာ‌ကြောင့် အိပ်ရာကထလိုက်ပြီး အခန်းတံခါးဖွင့်ကာ ထွက်လိုက်တဲ့အခါ ယင်းရှောင်းကျဲကိုတွေ့လိုက်ရသည်

"ယင်းရှောင်ကျဲ ငါဗိုက်ဆာနေတယ် မနက်စာစားဖို့ တစ်ခုခုရှိလား"

မုရှောင်းရှောင် အပြည့်အဝမနိုး‌သေးတာကြောင့်  သူမကိုမျက်လုံးများကို  မဖွင့်နိုင်သေးဘဲ ဆိုဖာဆီ တန်းတန်းမတ်မတ် လျှောက်လာကာ ဆိုဖာပေါ်မှာ ရှိနေတဲ့  ကူရှင် တစ်ခုကို လက်ဖြင့်ပိုက်လိုက်ပြီး ထိုင်ချလိုက်သည် ပြီးတော့  သူမရဲ့ ခန္ဓာကိုယ်‌ သေးသေးလေးက ဆို‌ဖာပေါ်မှာ ပက်လက်လန်လိုက်ကာ အချိန်မရွေး ပြန်အိပ်ပျော်သွားနိုင်တဲ့ပုံပေါ်နေသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now