အပိုင်း - ၉၈

1.9K 192 3
                                    

Unicode

အပိုင်း - ၉၈  မင်းရဲ့ ပျော့ကွက်


ယင်းရှောင်းကျဲရဲ့ လက်တွေက မလိုအပ်ဘဲ ရှည်လျားလွန်းသည် သူလက်တံရှည်တွေနဲ့ ဖုန်းကို လေပေါ်မြှောက်ပြီး
သူ့ဖုန်းထဲကပုံကိုကြည့်လိုက်သည်။  ထို့နောက် သူ မရယ်ဘဲမနေနိုင်ြဖစ်ကာ တဟားဟားနဲ့ မုရှောင်းရှောင်ကို ကြည့်လိုက်
ပုံကိုကြညိ့လိုက်နဲ့ အူလိုက်သည်းလိုက်ရယ်နေတော့သည်

"ဒီပုံက ဒီတစ်နှစ်လုံးမှာ ငါ့ကို ရယ် အောင် အလုပ်နိုင်ဆုံးပဲ ဒါကိုသေချာသိမ်းထားရမယ် ဟားဟား "

မုရှောင်းရှောင်း သိမ်းထားမယ်လို့ ကြားလိုက်ရတဲ့အခါ ချက်ချင်းပဲ ရန်လိုလာကာ

"  နင် ဖျက်ပစ်လိုက် နော်  ဒီပုံက ဘာမှ ကောင်းတာလဲ မဟုတ်ပဲနဲ့  သိမ်းတောင်ထားဦးမယ် ဟုတ်လား ယင်းရှောင်ကျဲ နင်တကယ် ရူးသွားပြီ!

ယင်းရှောင်ကျဲကပခုံးကိုတွန့်ပြလိုက်ပြီး မျက်လုံးများကပါ ပြုံးနေကာ

  "သိမ်းဆည်းတတ်တဲ့ ငါရဲ့ အကျင့်လေးက ချစ်စရာကောင်းတယ်လို့ မင်းမထင်ဘူးလား?  "

မုရှောင်းရှောင်ကတော့

" မထင်ဘူး အခု ဖျက်ပစ်"

သူမက ဘယ်လို့များ ယင်းရှောင်ကျဲဆီက  ထိုကဲ့သို့သော ရုပ်ဆိုးပန်းဆိုးပုံ အရိုက်ခံခဲ့ရတာလဲ

ယင်းရှောင်ကျဲကတော့ သူမ အတွင်းခံဘောင်းဘီကို ခေါင်းပေါ်မှာတင်ထားပုံသည် ချစ်စရာကောင်းသည်ဟု သူထင်သည်

ဒီလောက်ချစ်စရာကောင်းတဲ့ပုံကိုသူဘယ်လိုဖျက်နိုင်ခဲ့လဲ။

နှစ်အတော်ကြာတဲ့အခါ သူက ဒီပုံကို ရံဖန်ရံခါ ထုတ်ကြည့်ပြီး မုရှောင်းရှောင်ရဲ့ ရယ်စရာကောင်းပြီး ဒေါသထွက်နေတဲ့ ပုံစံကို ပြန်မှတ်မိအောက် တွေးရလိမ့်မယ်

"နင် ဒါကိုကြည့်နေတုန်းပဲလား ၊ ယင်းရှောင်ကျဲ နင် တကယ်ပဲ စိတ်အနှောင့်အယှက် ပေးလွန်းတယ် မြန်မြန်ဖျက်ပစ်ပါဖျက်ပစ်လို့  "

မုရှောင်းရှောင် ပြောလဲ ပြောရင်း သူမလက်နှင့်ခြေထောက်နှစ်ခုလုံးကို အသုံးချကာ ဆွဲလုဖို့ ကြိုပမ်းလိုက်သည်။  သူမရဲ့ အရှက်ကို ကာကွယ်ဖို့ အတွက် သူမခန္ဓာကိုယ်တစ်ခုလုံးရဲ့ အားကို အဓိက မှီခိုနေခဲ့တယ်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now