အပိုင်း - ၆

3.9K 437 4
                                    


Unicode Version

အပိုင်း - ၆ သူမက ဘာဖြစ်လို့ဒီလိုလုပ်ခွင့်ရနေတာလဲ? ငါခွင့်ပြုထားပေးလို့ပေါ့

ဒီမြင်ကွင်းကို မြင်နေရတဲ့လူအားလုံးဟာ မုရှောင်းရှောင်နဲ့ ယင်းရှောင်ကျဲရဲ့ ပတ်သတ်မှုကို မေ့လျော့နေကြပြီး သူတို့မြင်နေရတဲ့မြင်ကွင်းဟာ အမှန်မဟုတ်ဘူးလို့ဘဲ ထင်နေကြတယ်

သူတို့ရဲ့ရှေ့ကလူဟာ သခင်လေးယင်းရှောင်ကျဲကော ဟုတ်ရဲ့လား

"ဟုတ်ပါပြီ ရှောင်းရှောင် ရိုက်တာရပ်လိုက်တော့ ?" ပြောလိုက်ကာ ထုရိုက်နေတဲ့မုရှောင်းရှောင်ရဲ့လက်တွေကို ချုပ်ပစ်လိုက်ပြီး သူမကို လက်မောင်းတွေကြားထဲ ထည့်လိုက်တဲ့အခါ မုရှောင်းရှောင်ဟာ ငှက်ကလေးလိုပဲ ယင်းရှောင်ကျဲရဲ့ရင်ခွင်ထဲမှာ မြှုပ်နေတော့တယ်

ရင်ခွင်ထဲမှာရှိနေတဲ့ ငှက်‌ကလေးကတော့ ဒီလောက်နဲ့ပဲရပ်လိုက်ရတော့ စိတ်တွေဆိုးပြီး
မပျော်မရွှင်ဖြစ်နေတယ်

ယင်းရှောင်ကျဲဟာ မုရှောင်းရှောင်ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို အသာလေးထိလိုက်ပြီး

"ရှောင်းရှောင် မင်းဆံပင်တွေက ဘယ်လိုဖြစ်ရတာလဲ ဒီဆံပင်ပုံစံက US မှာ ခေတ်စားနေတာလား ?"

အဲလိုအသံကြားလိုက်ရတော့ မုရှောင်းရှောင် နှုတ်ခမ်းကိုက်လိုက်ကာ ဟန်ယွမ်အာကို တစ်ချက် အေးစက်စက်ကြည့်လိုက်ပြီး

" ဒါတွေက နင့်ကျေးဇူးကြောင့်ပေါ့ "

" ငါကြောင့် " ယင်းရှောင်ကျဲ ငြင်းလိုက်ကာ

"ဘယ်လိုကြောင့် ငါနဲ့သက်ဆိုင်သွားရတာလဲ ? မင်းပြန်ရောက်တာကိုတောင် အခုမှသိတာကို "

မုရှောင်းရှောင် နှာခေါင်းရှုံ့လိုက်ကာ ဟန်ယွမ်အာကို တည့်တည့်ကြည့်လိုက်ပြီး

" နင့်ရည်းစားက တော်တော်အာဏာရှိတာပဲ ငါဒီကိုလာပြီး နင့်ကိုလာရှာတာကို ပြဿနာလာရှာတယ်ဆိုပြီး ဆံပင်ကို စောင့်ဆွဲတော့တာပဲ ယင်းရှောင်ကျဲ နင်တော်တော်လေးကို မြင်တတ်တာပဲ "

မုရှောင်းရှောင် နောက်ဆုံးပြောလိုက်တဲ့ စကားလုံးတွေက ယင်းရှောင်ကျဲကို အမှန်တကယ်‌ထေ့ငေါ့နေတာပင်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now