အပိုင်း - ၅၃

1.9K 191 0
                                    

Unicode

အပိုင်း - ၅၃   သူ ဘယ်တော့မှ  မိန်းကလေးတွေကို အတင်းဖိအားပေး အနိုင်ကျင့် ရက်စက်တာမျိုး မလုပ်

ပိုင်မိန်ကျောင်းစိတ်ထဲမှာ ပေါ့ပေါ့လေးပဲ တွေးမိတာက
ဝူဟောင်သောက်စရာဝယ်ပြီး ပြန်လာရင် အတန်းစလောက်ပြီ ဖြစ်သည်

ဝူဟောင်လဲ ပြောင်ပြောင်တင်းတင်းပဲပြုံးပြီး ပိုင်မိန်ကျောင်းကို မြှောက်ပင့်လိုက်ကာ

"သေချာတာပေါ့၊ မရီးလေး ရဲ့စကားတစ်ခွန်းက
တခြားသူ‌တွေ ဆယ်ခွန်း‌ ပြောတာနဲ့တူတယ် "

"အိုကေ မြန်မြန်သွား "

"ငါချက်ချင်းသွားလိုက်မယ် !"

ဝူဟောင်ပုံမှန်သွားပုံမျိုးနဲ့ဆို မုန့်ဆိုင်‌ရောက်တဲ့ အချိန်နဲ့ ပြန်လာရင် အတန်းပြန်တက်မယ့် အချိန်က ပိုင်မိန်ကျောင်း‌ မှန်းတဲ့အတိုင်း ကွက်တိလောက်သွားကျမည်

ပိုင်မိန်ကျောင်းက သူမရဲ့ နဂို ဦးတည်ချက်အတိုင်း ဒုတိယနှစ် S အတန်းသို့ ‌ဦီးတည်လိုက်သည်

"ကိုကို ရှောင်ကျဲ " 

သူမအတန်းတံခါးက ဝင်လိုက်သည်နှင့် အပြုံး‌လေး ဆင်လိုက်ရင်း  ယင်းရှောင်ကျဲ ဆီသို့ တန်းတန်းမတ်မတ်ပဲ လျှောက်သွားလိုက်သည်။

ယင်းရှောင်ကျဲဘေးက စာသင်ခုံမှာ အမြဲတမ်းလွတ်‌ နေသည် အထူးသဖြင့် သူ့ရဲ့‌ ကောင်မလေးတွေ လာတဲ့အခါမှာပေါ့

ပိုင်မိန်ကျောင်းက ယင်းရှောင်ကျဲဘေးကထိုင်ခုံပေါ်မှာထိုင်လိုက်ပြီး သူမရဲ့ လက်တံရှည်တွေနဲ့ ယင်းရှောင်ကျဲရဲ့ လက်ကို အိမ်မွေးတိရစ္ဆာန် လေးလိုမျိုး  ယင်းရှောင်ကျဲရဲ့လက်မောင်းကိုဖက်ပြီး တွယ်ကပ်လိုက်သည်

သို့သော် အချိန်ကြာမြင့်စွာ ယင်းရှောင်ကျဲဆီက တုန့်ပြန်တဲ့အသံကိုမကြားရပေ ပြီးတော့  စာသင်ခန်း အတွင်းရှိ ပတ်ဝန်းကျင်သည် ထူးဆန်းနေသည်ကို သတိထားမိသွားသည် ပိုင်မိန်ကျောင်း ယင်းရှောင်ကျဲရဲ့  ချောမောမျက်နှာကို မော့ကြည့်လိုက်ပြီး သူ့ရဲ့ မျက်နှာက မဲမှောင်နေကာ ‌အကြည့်တွေက အေးစက်နေတာကြောင့် သူမ ကြောက်လန့်သွားမိသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now