အပိုင်း - ၆၂

2.4K 242 13
                                    

Unicode

အပိုင်း - ၆၂ အရွယ်ရောက်လာတာနဲ့ ယင်းရှောင်ကျဲကပြောင်းလဲသွားတာလား?

မိနစ်‌ပေါင်း အတော်ကြာတဲ့ စောင့်နေတဲ့အထိ ဘယ်သူ့ မှ ပေါ်လာတဲ့ လက္ခဏာမပြ

တစ်ချိန်တည်းမှာပင် မုရှောင်းရှောင် ဝမ်းနည်းလာကာ
အဲ့ဒီ မုန်းဖို့ကောင်းတဲ့ ကောင်က သူမကို မခေါ်ဘဲ အိမ်ကိုပြန်သွားတာလား?

ထိုအချိန် နံနက်ခင်းကမှ ခန့်ထားတဲ့ လုံခြုံရေးအစောင့်အသစ်ရောက်လာပြီး

“ မင်္ဂလာပါကျောင်းသူလေး မင်း  သခင်လေးကျဲကိုစောင့်နေတာလား? သူ  ကျောင်းမဆင်းခင်ထဲက ထွက်သွားပြီ‌လေ ”

ထိုစကားများကိုကြားရသောအခါမူ  မုရှောင်းရှောင်ရဲ့ မျက်နှာသည် မဲမှောင်သွားတော့သည်

ဒီ လူဆိုးကောင်ကတော့ !

သူကသူမကိုတကယ်မစောင့်ဘဲအိမ်သို့ တစ်ယောက်တည်း ပြန်သွားခဲ့သည်။

ရှင်းနေသည်မှာ ယင်းရှောင်ကျဲ သူမအားအလွန်အမင်းဒေါသထွက်စေပြီးသူမကိုဝမ်းနည်းစေခဲ့သော်လည်း သူလုံးဝနောင်တမရခဲ့  သူမကို ချော့ဖို့လဲ မလုပ် တောင်းပန်ဖို့လဲ မလုပ် မဟုတ်ရင် သူမဘာဖြစ်ဖြစ် စိတ်ထဲမှာ လုံးလုံးမရှိတာ ဖြစ်နိုင်သည်

ဒီအချိန်မှာမူ ရှောင်းရှောင်ဟာ တကယ်ကိုပဲ ဝမ်းနည်းသွားသည် အရင်က ယင်းရှောင်ကျဲဆို သူမကိုဒီလိုမျိုးဆက်ဆံမှာမဟုတ်ဘူး  အကယ်၍သာ သူက သူမကိုစိတ်ဆိုးစေမယ်ဆိုရင် သူမကို နည်းလမ်းပေါင်းစုံသုံးပြီး ချော့မှာပင်

ရှောင်းရှောင်ရဲ့ နှလုံးသား‌လေးသည် ဝမ်းနည်းပူဆွေးမှုနှင့်ပြည့်နှက်နေသည်  အရွယ်ရောက်လာတာနဲ့ ယင်းရှောင်ကျဲကပြောင်းလဲသွားတာလား?

အစောပိုင်းက မုရှောင်းရှောင် သူမကို  ယင်းရှောင်ကျဲ လာခေါ်ဦးမယ် ထင်နေတာက ရူးနေတာပင် သူမတကယ်ပဲ ဘာလို့ တုံးအပြီး လူဆိုးကောင်ကို ယုံကြည်မိတာလဲ  မု ရှောင်းရှောင် နင်က  ငတုံးမပဲ

သူမစဉ်းစားလေလေ ဒေါသအရှိန်က တိုးလာ‌လေ ဖြစ်သည်

ထို့ကြောင့် မုရှောင်းရှောင် အိမ်မပြန်ရန်ဆုံးဖြတ်ခဲ့သည်  သူမအိမ်မှထွက်ပြေးတော့မည်ဖြစ်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now