အပိုင်း - ၉၀

2K 198 0
                                    

Unicode

အပိုင်း ၉၀: မီးတောက်တစ်ခုကိုလောင်ကျွမ်းစေခဲ့ပြီးမှ ဘာမှမဖြစ်သလို အိပ်ပျော်သွား

ယင်းရှောင်ကျဲ  နက်ရှိုင်းသောအကြည့်နှင့်အတူ မုရှောင်းရှောင်ကို တဖန် ကြည့်ပြန်သည် သူ ရှောင်းရှောင်ကို နမ်းဖို့နီးကြိုးစားခဲ့ပေမယ့် မူးနေတဲ့ လူကို အသားမယူသင့်ဘူးလို့ ထင်တာကြောင့် သူ့ကိုယ်သူအမြန်ထိန်းလိုက်တယ်

သူက အရူးပဲဖြစ်ရမယ်!

ယင်းရှောင်ကျဲ သူ့ကိုယ်သူ စိတ်ပျက်စွာခေါင်းယမ်းလိုက်ပြီးသူ့ခေါင်းထဲရှိ ထူးဆန်းသောတွန်းအားများကိုမောင်းထုတ်ရန်ကြိုးစားလိုက်သည်။  သို့သော်လဲ မုရှောင်းရှောင် ရှေ့ဆက်ပြီး လုပ်မယ့် အပြုအမူနဲ့ အသံများက သူ့ရဲ့
ထိန်းချုပ်နိုင်စွမ်းကို ကင်းမဲ့စေနိုင်သည်

ဒါကြောင့် သူမကို ယင်းရှောင်ကျဲ မကြည့်ဘဲမနေနိုင်တော့သဖြင့် မျက်မှောင်ကြုတ်ပြီး

" ရှောင်းရှောင်  မင်းဒါကိုရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ မဟုတ်ဘူး မလား?"

သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ မြူဆွယ်နေတာလား?

ဒီလူဆိုးမလေးက ပုံမှန်မဟုတ်တဲ့ အပြုအမူ အမြဲလုပ်နေကြပင် ဒါ့ကြောင့် ဤကဲ့သို့ပြုမူခြင်းသည် လုံး၀ မထူးဆန်းပေ။  သို့သော်သူမ၏နီမြန်းနေသောမျက်နှာနှင့် သူမရဲ့ မျက်လုံးများအရ သူမအရက်မူးလို့သာ ဒီလိုတွေ  လုပ်နေပုံရသည်။

"ကျဲ  ငါရင်ပူတယ် ... ဒီ ဒီ နေရာက အဆင်မပြေဘူး"

မုရှောင်းရှောင် ယင်းရှောင်ကျဲရဲ့လက်ကို ဆွဲယူလိုက်ပြီး
သူမ အဆင်မပြေတဲ့ ရင်ဘတ်နားကို ဖိကပ်လိုက်ပြီး ပြောလိုက်သည်
 

ယင်းရှောင်ကျဲ မျက်လုံးများလွဲနေရာက သူမကိုကြည့်လိုက်တော့ မျက်နှာအပြင် လည်ပင်းကပါ အနီရောင်သန်း‌နေပြီး ဖြသူမ၏လက်ကလဲ ရင်ဘတ်ကို ကုတ်ခြစ်‌ နေသည်

ယင်းရှောင်ကျဲ ဆက်ပြီး‌တော့ မကြည့်နိုင်တော့ဘူး။

သူမသာဒီလိုဆက်လုပ်နေမယ်ဆိုရင် သူမရဲ့အသားအရည်က ပျက်စီးသွားလိမ့်မယ်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now