အပိုင်း - ၇၅

2.2K 238 1
                                    

Unicode

အပိုင်း -၇၅ ရန်စခြင်း

မုရှောင်းရှောင် လူအုပ်ကို ကြည့်မိတော့ လူ အယောက်  ၂၀ မှ ၃၀ အထိရှိသည်

မုရှောင်းရှောင် မတော်တဆ မိန်းကလေးတစ်ဦးနဲ့ အကြည့်ချင်း စုံမိသွားကာ   ခဏတော့ မှင်သက်သွားသည် အဲဒီ မိန်းကလေးရဲ့ ဝတ်စားဆင်ယင်ထားပုံက ခန္ဓာကိုယ် ကောက်ကြောင်းကို သိသာထင်ရှားစေပြီး သူမရဲ့ စွဲဆောင်မှုရှိတဲ့ နေရာတွေကို တမင်တကာ ထုတ်ဖော်ပြသထားကာ ဖော်ရွေစွာ  ပြုံးနေသည် သို့သော် မုရှောင်းရှောင်နဲ့ ရုတ်တရက် မျက်လုံးချင်းဆုံမိတဲ့ အခါမှာတော့ ဖော်ရွေခြင်း  တွေ လေလိုမျိုး ပျောက်ကွယ်သွားသည်

မုရှောင်းရှောင် ရုတ်တရက် သူမကို ကြည့်ရတာ အလွန်ပဲ အကျွမ်းတဝင် ရှိသလို ခံစားရသည် , ယခင်တုန်းက သူမနဲ့
တစ်နေရာရာမှာ တွေ့ဆုံခဲ့ဖူးသလိုပင်

"မင်းကြည့်ရတာအံ့သြသွားသလိုပဲ  မင်းဘာဖြစ်တာလဲ"

ယင်းရှောင်ကျဲ မုရှောင်းရှောင်းကို ကြည့်ရတာ ထူးဆန်းနေတာကြောင့် သူမရှေ့မှာ သူ့လက်ကိုဝှေ့ယမ်းပြီး မေးလိုက်သည်

မုရှောင်းရှောင် ဘာမှမဖြစ်သလိုပဲ  ပြုမူလိုက်ပြီး

"နင် နောက်မှ ပြိုင်မှာလား?  ဘယ်လိုကစားတာလဲ ?  အစောပိုင်းက နင်မရှုံးဖူးဘူးလို့ပြောခဲ့တယ်မှတ်လား?  ဒီဟာက ဟုတ်လား မဟုတ်လား သိရတာပေါ့ "

"မင်း စကားတွေ များလိုက်တာ "

ယင်းရှောင်ကျဲ  မု‌ရှောင်းရှောင်ကို မကြည်ကြည့် ကြည့်လိုက်ပေမယ့် သူ့ကိုယ်သူတော့ ယုံကြည်စိတ်ချတဲ့ ပြုံးလိုက်ကာ ပြောလိုက်သည်

"ရလဒ် ထွက်လာရင် မင်းသိလိမ့်မယ် မဟုတ်လား?"

"စောင့်ကြည့်ကြတာ‌ပေါ့ !"

မုရှောင်းရှောင် ယင်းရှောင်ကျဲသွားတဲ့နောက်သို့ လိုက်ကာ
လူအုပ်ဆီသို့ ဦးတည်လိုက်သည် သူတို့နှစ်ယောက် ဖြတ်သွား တော့ လူအတော်များများက ယင်းရှောင်ကျဲကို သခင်လေးကျဲ ဟုခေါ်ကာ   နှုတ်ဆက်ကြသည်

ပိုပြီးထူးခြားတဲ့အရာက အစောနက  မုရှောင်းရှောင်းနဲ့ မျက်လုံးချင်းစုံမိတဲ့ ကောင်မလေးက ယင်းရှောင်ကျဲကို
စားမလို ဝါးမလို အကြည့်နဲ့ မြူစွယ်ကာ ချွဲပစ်တဲ့ အသံနဲ့ 
သခင်လေးကျဲ ဟု နှုတ်ဆက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now