အပိုင်း - ၄၄

2K 185 2
                                    

Unicode

အပိုင်း ၄၄ - သခင်လေးကျဲ ရဲ့ ဩဇာက ဘယ်လောက်ထိ လွှမ်းမိုးမှု ကြီးတာလဲ ?

ယုကျန် က

“ မင်းပြောခဲ့ပုံအရဆိုရင် မင်းကို လုရိချန်က ချမ်းသာတဲ့မိသားစုက ကောင်မလေးဖြစ်ပြီး ဆင်းရဲတဲ့လူ‌ကို အနိုင့်ကျင့်တတ်တဲ့လူလို့ နားလည်မှုလွဲသွားတယ်ထင်တယ်  မင်းကအစောင့်ကိုမကျေနပ်‌ကြောင်းတိုင်လိုက်လို့ ကျောင်းက အလုပ်ထုတ်ပစ်ခဲ့တယ် အဲလိုပေါ့ "

Mu Xiao Xiao ကခေါင်းလေးညိတ်ကာ

“ ငါထင်တာ အဲလိုပဲ ”

ယုကျန်မျက်နှာပေါ် ‌ လှောင်ပြောင်တဲ့ အမူအရာလေးပေါ်လာကာ

" တကယ်တော့ ဒီအခြေအနေက ပထမဆုံးအကြိမ် မဟုတ်ဘူး  အရင်တုန်းက ကျောင်းသားတစ်ယောက် က သခင်လေးကျဲကို ဒေါသထွက်‌ အောက်လုပ်မိသွားတယ် နောက်ဆုံး ရလဒ်က  အဲဒီကျောင်းသား ကျောင်းက‌နေ ထွက်လိုက်ရတယ်  ဒီကမ္ဘာကြီးမှာ ' အားနည်းသူ‌တွေက အားကောင်းတဲ့သူတွေရဲ့သားကောင်ပဲ  အားနည်းလွန်းတာကြောင့် မိမိကိုယ်ကိုအပြစ်တင်ရမယ်  ' ဆိုတဲ့ ဆိုရိုးတောင်ရှိသေးတာပဲလေ "

ထိုစကားကို သူမကြားတော့ အခါ မုရှောင်းရှောင် တွေဝေသွားကာ

"ယင်းရှောင်ကျဲမှာ အဲဒီလောက် ကြီးမားတဲ့ ဩဇာအာဏာရှိ‌နေတာလား ?  သူက ကျောင်းသားတစ်ယောက်ကို စကားတစ်ခွန်းတည်းနဲ့ ကျောင်းထုတ်ခွင့်ရထားတာလား?"

ဒီနေရာမှာ စာလေ့လာဖို့ တက်နေတဲ့ လူတွေ အကုန်လုံးက ၀င်ခွင့်ရသူအားလုံးဟာ ရိုးသားပြီး အဆင့်အတန်းရှိတယ်ဆို

ယုကျန် ယင်းရှောင်ကျဲ အကြောင်းပြောတဲ့ အခါ သူ့ပုံစံက ယင်းရှောင်ကျဲကို အရမ်း လေးစား နေပုံပေါ်နေသည်

"ဟုတ်တယ်၊ သခင်လေးကျဲက ကျောင်းမှာအကြွင်းမဲ့အာဏာရှိတယ် သူ့အဖေဟာ ရှန်တ ‌ရဲ့ အမှုဆောင် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တစ်ယောက်လဲ ဟုတ်တယ်
သူ့မိသားစုက ရှန်တ ကိုထူထောင်ထားတယ်လို့ပြောရင် တောင်ရတယ် ဒါ့ကြောင့် သခင်လေးကျဲ ဘာလုပ်ချင်ချင် စိတ်ကြိုက်လုပ်လို့ရတယ် "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now