အခန်း(၂၁) မလုံလောက်ဘူး-၁/အခန္း(၂၁) မလုံေလာက္ဘူး-၁

8.5K 965 16
                                    


Unicode

အခန်း(၂၁) မလုံလောက်ဘူး-၁

စိတ်ပျော်ပျော်ရွင်ရွင်နဲ့ပဲ စုယာယာက ချန်ရှုံချီရဲ့ ရုံးခန်း ထဲသို့ ဝင်လာခဲ့ချိန် သူက သူ့ရဲ့အလုပ်အများစုကို ကိုင်တွယ် ဖြေရှင်းလုပြီးနီးပါးဖြစ်သည်။

ပြုံးရွှင်နေတဲ့ သူမမျက်နှာနဲ့ အခန်းထဲ လမ်းလျှောက်ဝင် လာတာကို ကြည့်နေရင်း သူက မေးသည်။

"ကျုံဖိန်ယွင်က ဘာလိုချင်တာတဲ့လဲ?"

"သူမက မနက်ဖြန်မနက် ၁၀ နာရီလောက် အလုပ်ကို လာခဲ့စေချင်တာ.. သူမက ပြောသေးတယ်.. သူမမှာ ယာယာအတွက် ကြော်ငြာရိုက်ကွင်းတစ်ခု ရှိတယ်တဲ့"

စုယာယာမှာ ရင်ထဲအသဲထဲက ပျော်ရွှင်နေသည်ဖြစ်ရာ သူမက ဒီအကြောင်းကို ချန်ရှုံချီထံမှ ဖုံးကွယ်ထားဖို့ အစီ အစဉ် မရှိပါချေ။ ဘယ်လိုနေနေ အနှေးနဲ့အမြန်တော့ သူမ ကြော်ငြာရိုက်ကူးရလိမ့်မယ်ဆိုတာကို သူ သိသွားမှာပဲလေ။ သူမကနေ သူ့ကို အမှန်အတိုင်း ပြောပြလိုက်တာက ပိုကောင်းတယ်။

ချန်ရှုံချီက သူမကို တစ်ချက်ကြည့်ပြီး ပြော၏။

"မင်းက ကြော်ငြာတွေ ရိုက်ချင်လို့လား?"

စုယာယာ ထိုစကားကို ကြားလိုက်ပြီး တစ်ခဏလ ောက် တန့်သွားပြီးမှ ဟိုဟိုဒီဒီ ကြည့်လိုက်၏။ သူမစိတ်ထဲ တစ်ခုခု ပေါက်ကွဲထွက်သွားသလိုအလား။ သူ့ဆီကို ခပ်မြန်မြန် ပြေးသွားပြီး သူ့လက်မောင်းကို ဖက်တွယ်လိုက် သည်။ သူ့ကို ပြုံးကြည့်နေလိုက်ပြီး

"လောင်ကုန်းမှာ ယာယာအတွက် ရိုက်ကူးဖို့ ကြော်ငြာ တစ်ခု ရှိလို့လား?"

"မရှိဘူး"

ချန်ရှုံချီက ဗြောင်ပဲ ငြင်းချပစ်၏။

စုယာယာ မကျေမနပ်ဖြစ်မှုကြောင့် နှုတ်ခမ်းတွေကို ဆူ ထားပြီး သူမက ဆက်ပြောနေ၏။

"ချန်အုပ်စုက ကုမ္ပဏီကြီးတစ်ခု.. နောက်ပြီး ကုမ္ပဏီခွဲတွေလည်း အများကြီးရှိသေး.. အိမ်ရာစီမံကိန်း တွေ, လောင်းကစားရုံတွေ, အင်တာတိန်းမန့်တွေ, အဝတ်အထည်လုပ်ငန်းတွေ.. အများကြီး အများကြီး အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းတွေ ကိုင်ထားတာပဲ.. ရာသီတိုင်းလိုလို ကြော်ငြာရိုက်ကူးဖို့ သရုပ်ဆောင်တွေကို ဖိတ်ကြားတယ်လေ.. ရိုက်ကူးဖို့‌ ကြော်ငြာတစ်ခုမှမရှိဘူး ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now