အခန်း(၃၀) ဝမ်ဝမ့်ဟောက်-၂
ဒုဉက္ကဌဟွမ်သည် ဝမ်ဝမ့်ဟောက် ဝင်လာတာကို မြင်လိုက်ရစဉ် တုန်လှုပ်သွား၏။ 'ဝမ်ဝမ့်ဟောက်က သူ့ ရုံးခန်း အပြင်မှာ ဘာ့ကြောင့်များ ရှိနေခဲ့တာလဲ? စောစော က သူ စကားပြောတာများ အရမ်းကျယ်သွား သလား? ရုံးခန်းရဲ့ အသံလုံမှုက တော်တော်လေး အဆင့်မြင့်တာမို့ သူတို့ ကြားတော့ မကြားနိုင်လောက်ပါဘူး!'
နောင်တတရားတို့ကြောင့် သူမှာ ဝမ်ဝမ့်ဟောက်၏ မေးခွန်းတွေပါသော အကြည့်တို့ကို မကြည့်ဝံ့ပေ။ အပြင်ပန်း မှာတော့ ပြုံး၍သာ ပြောရ၏။
"ကျွန်တော် အလုပ်နည်းနည်းများနေခဲ့လို့ပါ.. ခုနလေး တင်က ကျွန်တော်တို့နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ တစ်ခုနဲ့ လုပ်ငန်းအကြောင်း ဆွေးနွေးနေတာကြောင့် ဉက္ကဌအပြင်မှာ ရောက်နေမှန်း ကျွန်တော် မသိလိုက်ဘူး.. သိခဲ့ရင် ဒီထက်စောစောက ကြိုဆိုမိမှာပါဗျာ"
ဝမ်ဝမ့်ဟောက် ခပ်ဟဟသာ ရယ်မိတော့သည်။
' ဒုဉက္ကဌဟွမ်က ဘယ်လိုလူမျိုးလဲဆိုတာ သူမသိဘဲ နေမလား? ထိုသူကများ ကြင်နာတတ်သယောင် ဂရုစိုက် တတ်သယောင် ဟန်ဆောင်နေသေးတယ်... ဒါပေမယ့် သူ(ဝမ်ဝမ့်ဟောက်) မသိဘူးလို့များ တကယ်ကြီး ထင်နေ တော့သလား?
"ဒီနေ့ ကုမ္ပဏီမှာ ကြော်ငြာတစ်ခု စာချုပ်လက်မှတ်ထိုး ဖို့ ရှိတယ်လို့ ကြားလို့ လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ"
ဝမ်ဝမ့်ဟောက်က အပိုစကားတွေ ဆိုမနေဘဲ လိုရင်းကို သာ တန်းပြောလိုက်၏။ သူက စုယာယာကို ညွှန်ပြပြီး ပြော၏။
"သူမက ငါ့ရဲ့အတန်းဖော်ဟောင်းပဲ.. ခင်ဗျားနဲ့ သူတို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ကြမယ်လို့ ကြားလို့ လာကြည့်တာ"
ဒုဉက္ကဌဟွမ်မှာ ပြုံးပြီး ပြန်မတုံ့ပြန်နိုင်သေးခင် အနည်းငယ်တော့ ကြောင်အသွားမိခဲ့သည်။
"အိုး... တိုက်ဆိုင်လိုက်တာများဗျာ.. ဆိုတော့ သူမက ဉက္ကဌရဲ့ အတန်းဖော်ဟောင်း ဖြစ်နေခဲ့တာပဲ.. ဒါဆို ကျွန်တော်တို့ သေချာပေါက် စာချုပ်ကို လက်မှတ်ထိုးသင့် တာပေါ့ဗျာ"
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now