အခန်း(၃၂) လောင်ကုန်း, ရှင်က အရမ်း တော်တာပဲ!-၂

7K 872 12
                                    

Unicode

အခန်း(၃၂) လောင်ကုန်း, ရှင်က အရမ်း တော်တာပဲ!-၂

သူမ ဝမ်ဝမ့်ဟောက်ကို မသင်္ကာတော့တာကြောင့် စား နေရတာ အဆင်မပြေတော့ချေ။ သူမ ကြိုက်တဲ့ဟင်းပွဲတွေ ကို မြင်နေရပေမယ့် သူမပါးစပ်ထဲမှာတော့ ဘာကိုမှ အရသာ မခံနိုင်တော့။ နည်းနည်းစီ လိုက်စားပြီးနောက် သူမရဲ့ခန္တာ ကိုယ်ကို ထိန်းသိမ်းရမယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံး လိုက်၏။

သူမ မစားတော့တာကိုမြင်တော့ ဝမ်ဝမ့်ဟောက်လည်း ဆက်စားဖို့ စားချင်စိတ်မရှိတော့ချေ။ သူလည်း တူကို ချ ထားလိုက်တော့၏။

စုယာယာက ထိုဟာကို မြင်ပြီး အလျင်အမြန် ပြော တယ်။

"ဆက်စားပါ.......... ငါတို့ ကုန်အောင်မစားရင် အစား အသောက်ကို ဖြုန်းတီးရာရောက်မှာပေါ့.. ငါက ဝိတ်လျှော့ဖို့ လိုအပ်လို့ ဆက်မစားတော့တာပါ"

သူတို့ ပိုက်ဆံတွေ အများကြီး သုံးထားခဲ့ပြီး နည်းနည်း လေးပဲ စားတယ်။ တကယ်ကြီး ပိုက်ဆံဖြုန်းနေကြတာပဲ!

ဝမ်ဝမ့်ဟောက်က ရယ်ပြီးပြောသည်။

"မပူပါနဲ့.. ငါ ဒီမှာ စားနေကျပါ... မကုန်တော့ရင် မစား လို့ရတယ်"

ကောင်းပြီလေ။ ဒါက ချမ်းသာတဲ့ လူတွေရဲ့အတွေးပဲ။ သူက အဲလိုပြောလာမှတော့ စုယာယာ ဘာမှ ဆက်ပြော လို့မရတော့ဘူးလေ။

"ငါ ပြန်ချင်ပြီ"

စုယာယာ ဝမ်ဝမ့်ဟောက်နဲ့ ရှိနေရတာ ထူးဆန်းသလို ခံစားလာရ၏။ အဓိကကတော့ သူပဲ။ သူ့မှာ သူမနားကပ်ဖို့ ခြေလှမ်းတစ်ချို့ ရှိပုံပေါ်သော်လည်း ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ဖော်ပြတာမျိုး မဟုတ်ပေ။ သူမလည်း ထိုအကြောင်းကို ဆက်တွေးမနေချင်တော့။ သူနဲ့ ဝေးဝေး နေတာက ပိုလုံခြုံပါတယ်။

အချို့အမျိုးသားတွေက ဒီတိုင်း အမျိုးသမီးတွေနှင့် အီစီကလီ လုပ်ချင်ရုံသာဆိုတာ သူမသိတယ်။ သူက ဒီတိုင်း သူနဲ့ စနောက်ကျီစယ်ချင်တာမျိုး ဖြစ်နိုင်ပေမယ့် သူမမှာ သူနဲ့ ကစားလိုစိတ် မရှိပါချေ။ ဘယ်လိုနေနေ သူမမှာ ခင်ပွန်းသည်ရှိထားပြီးသားလေ.. စာချုပ်နဲ့ပဲဖြစ်တယ်ဆိုဉီး တော့..

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now