Chapter 116 (Uni & Zawgyi)

4.6K 494 11
                                    

Unicode

အခန်း(၁၁၆) စုယာယာက တကယ့်ပြဿနာအိုးပဲ-

သူမနောက်မှာ ဘယ်သူမှရှိမနေခဲ့ဘူးဆိုရင် ဘယ်သူက ဒီလောက်ကြီးအောင်မြင်နိုင်မှာလဲ?

ffffk: ငါ အပေါ်ကကွန့်မန့်ကို သဘောတူတယ်.. စုယာယာ သေချာပေါက် သူမရဲ့နောက်မှာ တစ်စုံတစ်ယောက် ရှိကိုရှိရ မယ်!

yyhahaha: အပေါ်က ကွန်မန့်ကို သဘောတူပါတယ် +1

*** *** ***

ရန်ရန်: အနုပညာလောက ကနေ ရှုချောင်ရန် အနားယူသွား ရတဲ့ကိစ္စလည်း ရှိသေးတယ်.. သူနဲ့စုယာယာတို့ 'ရှင်သန် လာသောနန်းတော်'ရဲ့ ရိုက်ကူးရေးအတောအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေပြီးပြီးချင်းပဲ ဖြစ်လာခဲ့တာ.. စမရိုက် ခင် ရက်ကတောင် သူတို့တွေWeiboပေါ်မှာ စီနီယာဂျူနီယာ မောင်နှမဆက်ဆံရေးမျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် သုံးနှုန်းခဲ့ကြသေးတာ.. အဲ့နောက် နောက်နေ့မှာပဲ စုယာ ယာက ရုတ်တရက်ကြီး ရေထဲပြုတ်ကျသွားတယ်..

ရှုချောင်ရန်က သူမကို ကြင်နာသမှုနဲ့ကယ်ပေးခဲ့ပြီး ညမှာ ဆေးရုံကို လိုက်ပို့ပေးခဲ့တယ်.. နောက်ပြီး အရမ်းနီးကပ်နေ တဲ့ပုံတွေကို သတင်းထောက် X ဆီမှာ မိသွားခဲ့ကြပြီး အကုန် ထုတ်ဖော်ခံလိုက်ရတယ်.. အဲ့တုန်းက အတော်လေး နာမည်ကြီးနေပြီးသား။ ဒါပေမယ့် ၂နာရီအတွင်းမှာ ရှာဖွေမှု စာရင်းကြီးတစ်ခုလုံး ဖယ်ရှားခံလိုက်ရပြီး သတင်းထောက် X ကလည်း တောင်းပန်ခဲ့တယ်

ခုထိ အဲ့ပို့စ်က Weibo ထိပ်ဆုံးစာမျက်နှာမှာ ရှိနေတုန်းပဲ.. နောက်ပြီး သတင်းထောက် X နောက်ဆုံး ပို့စ်တင်ခဲ့စဉ်က တည်းက အတော်လေး ကြာခဲ့ပြီ။

ငါအစကတော့ နားလည်မှုလွဲခဲ့တာလို့ ယုံချင်ခဲ့တယ်..ဒါပေ မယ့် ၂ရက်တောင် မရှိလိုက်သေးဘူး.. ရှုချောင်ရန်က သူ ရိုက်ကွင်းမှာ ဒဏ်ရာရခဲ့ကြောင်း Weiboမှာ ပြောလာတယ်.. နောက် သူအနုပညာလောကကနေ ခဏအနားယူမယ့် အကြောင်းကိုရောပေါ့?

'ရှင်သန်လာသောမိုးမခနန်းတော်' တီဗီဇာတ်လမ်းတွဲရဲ့ တရားဝင်ဘလော့မှာလည်း သူတို့ရိုက်ကူးရေးကို ခဏနား ထားမယ့်အကြောင်းနဲ့ အမျိုးသားဇာတ်လိုက်အသစ်တစ်ဉီး ကို ပြန်ရွေးမယ့်အကြောင်းပြောတဲ့ ပို့စ်တစ်ခု ထွက်လာခဲ့ တယ်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now