အခန်း(၇၅) ခင်ဗျားရဲ့တစ်ယောက်ယောက်ကို အနိုင်ကျင့်တဲ့ ပုံက သိပ်မဟုတ်သေးဘူး-၁

4.8K 571 2
                                    

Unicode

အခန်း(၇၅) ခင်ဗျားရဲ့တစ်ယောက်ယောက်ကို အနိုင်ကျင့်တဲ့ ပုံက သိပ်မဟုတ်သေးဘူး-

ဘာကြီး?

သူက တမင်သက်သက် လုပ်နေတာလား? ဟုတ် လောက်မယ်!

သူတို့၏ပထမဆုံးတွေ့ဆုံမှုမှာ သူက သူမကို ဇကရာဒ် ထံ ဒူးထောက်အသနားခံရတဲ့အခန်းကို သရုပ်ဆောင်စေချင် တယ်ပေါ့။ သူက သူမကို သင်ခန်းစာတစ်ခုပေးပြီး မျက်နှာ ပျက်ရအောင် လုပ်ဖို့ ကြိုးစားနေပဲမလား?

စုယာယာသည် စိတ်မချမ်းမသာဖြစ်သွားကာ ဒါရိုက် တာကျုံထံတစ်ချက်ကြည့်လိုက်သည်။ ခင်ဗျားရဲ့ တစ်ယောက်ယောက်ကို အနိုင်ကျင့်တဲ့ပုံက သိပ်မဟုတ်သေး ဘူး။

တကယ့်အဖြစ်မှန်မှာ ဒါရိုက်တာကျုံသည်လည်း ထိုကဲ့ သို့ ရည်ရွယ်ခြင်းမျိုးပင်။

သူသည် စုယာယာနှင့် ပတ်သတ်၍ အတော်လေးကို မကျေမချမ်းဖြစ်နေသည်။ သူရဲ့စိတ်နှလုံးအောက်ခြေမှကို သူမကို မနှစ်သက်နေခြင်း။ သူက ခေါင်းအစခြေအဆုံး သူမ ရဲ့တစ်ကိုယ်လုံးကို မကြိုက်။ သူမနဲ့ပတ်သတ်လို့ သူကြည့်ရ တာ ဘာတစ်ခုလေးမှမရှိ။ စုယာယာ ရဲ့အသွင်အပြင်နဲ့တော့ သက်ဆိုင်မနေပါဘူး။ သူက ဒီတိုင်း သူမနဲ့ပတ်သတ်လို့ ကသိကအောက်ဖြစ်နေခြင်း။

အစက သူသည် <<ရှင်သန်လာသော နန်းတော်>> ကို သုံးနှစ်တိုင်တိုင် စီစဉ်နေခဲ့ပြီး သူ အတော်လေး ကျေနပ် သဘောကျတဲ့ ဒုတိယအမျိုးသမီးဇာတ်ကောင်ကို တွေ့ခဲ့ သည်။ သူတို့တွေနှင့် အသေးစိတ်အကြောင်းအချင်းအရာ တစ်ချို့ကို ပြောရုံသာ လိုတော့ပြီး စာချုပ်ချုပ်ရတော့မည်။ ရင်းနှီးမြှပ်နှံသူက သူ့အမြင်ကို တစ်စက်ကလေးပင် အမေး အမြန်းမရှိဘဲ ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို စုယာ ယာနှင့် ပြောင်းပစ်လိုက်မယ်လို့ ဘယ်သူ သိခဲ့မလဲ။

သူ သိလိုက်သည့်အချိန်မှာ သူ့ရဲ့ဘဝတမျှ အလုပ်ကြီး ကတော့ ပျက်စီးပြီလို့ တွေးခဲ့သည်။ သူ ဒေါသထွက်လွန်းလို့ ဥက္ကဌရှောင်နဲ့တွေ့ဖို့ ရှန်ရှီအင်တာတိန်းမန့်ကို သွားခဲ့သည်။ သူက သူရွေးချယ်ထားသည့်မိန်းကလေးကိုသာ ထိုဒုတိယ အမျိုးသမီးဇာတ်ကောင်နေရာကို ပေးချင်ခဲ့ပေမယ့် ဥက္ကဌ ရှောင်က သူ့ကို အေးစက်စွာ ကြည့်ပြီး ငြင်းဆန်လိုက်သည်။ ထို့အတွက်ကြောင့် နှစ်ဉီးသား ရန်ဖြစ်ခဲ့ရသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now