Chapter 138 (Uni & Zawgyi)

4K 415 7
                                    

အခန်း(၁၃၈)မင်းပျော်နေသရွေ့-၁

ထိုနေ့ညတွင် ချန်ရှုံ့ချီသည် ကတ်ရှ်မီးယားနီလာကျောက် ကို ဝယ်ဖို့ ယွမ် ၅.၂ မီလီယမ် အသုံးပြုခဲ့ပီး လူအုပ်ကြီးတစ်ခု လုံးကို ရှော့ရသွားစေခဲ့သည်။ ချန်ရှုံ့ချီ၏ရက်ရောမှုအပေါ် အမျိုးသားတွေက အံ့အားသင့်နေကြစဉ် အမျိုးသမီးတွေကတော့ စုယာယာကို မနာလိုနေကြသည်။ သူတို့အားလုံး၏စိတ်ထဲမှာတော့ ဒီနီလာကျောက်သည် ချန်ရှုံ့ချီတစ်ယောက် စုယာယာကိုပေးမည့် စေ့စပ်လက်ဆောင် ဟူ၍သာ တွေးနေကြသည်။

စုယာယာ၏စိတ်ထဲမှာတော့ ဒါသည် လုံးဝအဓိပ္ပာယ်မရှိ သည့်အရာပင်။ အပြင်ပန်းမှာ ချန်ရှုံ့ချီသည် သူမကို ဘယ်လို ဘယ်ပုံကောင်းကောင်းမွန်မွန် ဆက်ဆံလဲဆိုတာကိုပဲ မကြည့်ကြနဲ့လေ။ သူ့နှလုံးသားထဲမှာတော့ သူမက ဘယ်နေရာမှာလဲဆိုတာ သူမသိပါသည်။ ထိုသူ၏အချစ်ဟောင်း အန်ယွီထုန် ပြန်ရောက်လာသည်နှင့် သူမသည် သူမရဲ့နဂိုမူလအခြေအနေကို ပုတ်ထုတ်ခံလိုက်ရမည်သာ။ သူမအနေအထားကို သူမ ကောင်းမွန်စွာ နားလည်ထားပြီး သူမအတွက် ချန်ရှုံ့ချီ၏ပရိုပို့စ် ဆိုတာကို ဘယ်လို မျှော်လင့်ချက်မျိုး တစ်စုံတစ်ရာမှမထားပေ။ ထိုကတ်ရှ်မီးယားနီလာကျောက်ကို ရရှိမည်ဟူသော မျှော်လင့်ချက်မျိုးကိုလည်း မထားထားပေ။ သူမ၏နှလုံးသားဟာ အရမ်းကို တည်ငြိမ်အေးဆေးနေခဲ့သည် မှာ လှိုင်းတွန့်မရှိသည့် ရှေးခေတ်က နံရံတစ်ခုအလားပါပဲ။

လေလံပွဲမှ ကတ်ရှ်မီးယားနီလာကို ချန်ရှုံ့ချီမှ လေလံအောင်သွားခဲ့ပြီးနောက် Charity Dinner တစ်ခုလုံး ပြီးဆုံးခါနီးအချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။ ချန်ရှုံ့ချီသည် ပြီးသည်ထိ မနေလိုရာ စုယာယာကိုပါ ဆွဲခေါ်၍ ကျန်ရှိသော တက်ရောက်သူတွေကို ရှောင်ရှားပြီး ဘေးဘက်ထွက်ပေါက် တစ်ခုမှ ထွက်လာခဲ့သည်။ ဟိုတယ်မှ ထွက်လာခဲ့ပြီးနောက် အပြင်ညာဘက်ခြမ်းမှာ သူတို့အတွက် Lincoln Limo တစ်စင်းက စောင့်ဆိုင်းလျက်သား။ စုယာယာ၏လက်ကို ဆုပ်ကိုင်၍ သူတို့အတူ ကားထဲသို့ဝင်ထိုင်ခဲ့သည်။

"ဒီနေ့ည ပျော်ခဲ့ရဲ့လား?"

ကားပေါ်ရောက်တော့ ချန်ရှုံ့ချီက စုယာယာကို မေးလာသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now