အခန်း(၁၂) ဝယ်ရမလား မဝယ်ရဘူးလား-၃

9.1K 1.1K 47
                                    


Unicode

အခန်း(၁၂) ဝယ်ရမလား မဝယ်ရဘူးလား-၃

စုယာယာ အလျင်စလိုနှင့် မက်ဆေ့ကို ဖျက်သည်။ သို့ သော် သူမလက်က 'cancel'ကို ချော်သွားပြီး 'sent'ပေါ်မှာ သွားနှိပ်မိလိုက်သည်။ ပြန်ပြင်ဖို့ သူမလုပ်နိုင်တာ မရှိတော့ ချေ။

'ဒီတစ်ကြိမ်တော့ ငါလုပ်လိုက်မိပြီ' ချန်ရှုံချီကတော့ သူမရဲ့မက်ဆေ့ကို သူရပြီးရင် သူမက စိတ်ရှုပ်စရာကောင်း တဲ့လူလို့ သေချာပေါက် ထင်နေတော့ မှာပဲ။

*သူမအပေါ်မှာလည်း မကောင်းတဲ့ထင်မြင်ချက်ကြီး ရှိ နေတော့မှာ.. ထင်ပါရဲ့*

သူမ ဘာလုပ်ရမလဲ? သူမ သူ့ကို နှောက်ယှက်ဖို့ မရည် ရွယ်ပါဘူးလို့ ဖုန်းဆက်ရှင်းပြလိုက်သင့်လား? ဒါပေမယ့်လို့ သူက တကယ်ကြီး အလုပ်ရှုပ်နေခဲ့ပြီး သူမက သူ့ဆီ ဖုန်းဆက်လိုက်ရင် အဲဒါက သူ့ကို ပိုပြီးစိတ်တိုအောင် လုပ်မိ သလို ဖြစ်မနေဘူးလား?

စုယာယာ အရမ်းသောကရောက်ချေပြီ။

သူမရဲ့နားရွက်ကို လိမ်ဆွဲ, ပါးကို ကုတ်နေမိစဉ် သူမရဲ့ ဖုန်းက အသံတစ်ချက်မြည်သွားသည်။

ကြည့်ကြည့်လိုက်တော့ ချန်ရှုံချီက သူမဆီ မက်ဆေ့ ပို့ လိုက်တယ်ဆိုတဲ့ အကြောင်းကြားစာတစ်ခုကို မြင်လိုက် ရ၏။

ရိုးရိုးရှင်းရှင်း စကားလုံးတစ်လုံးတည်းသာ :[ ဝယ် ]

စုယာယာ ချန်ရှုံချီရဲ့ပရိုဖိုင်ပုံကို အထပ်ထပ်အခါခါ ကြည့်၏။ အမှန်တကယ် သူ ဟုတ်တယ်ဆိုကာမှ သက်ပြင်း ချနိုင်တော့သည်။

ကံကောင်းထောက်မလို့ သူ စာပြန်လို့သာပဲ။ မဟုတ်ရင် သူမ ဘာလုပ်လို့လုပ်ရမှန်း သိမှာမဟုတ်ဘူး။

သူ့ရဲ့မက်ဆေ့:[ ဝယ် ] ဆိုတာက အတော်လေးကို ရိုးရှင်းတယ်, ပြတ်သားပြီး တုံးတိဆန်တယ်။

သူမှာသာ စာပြန်ဖို့အချိန်ရှိတယ်ဆိုကတည်းက သူမ သူ့ကို နှောက်ယှက်မိတာကို စိတ်မဆိုးဘူးပဲလို့ တွေးနေမိ သည်။သို့သော် သူ စာပြန်လိုက်တာက 'ဝယ်'ဆိုတဲ့ တစ်လုံး တည်းဆိုတော့ သူ အလုပ်များနေပြီး သူမနဲ့ စကားပြောဖို့ အချိန်မရှိလို့ပဲဖြစ်မယ်။ ဒါကြောင့် သူမ သူ့ကို မနှောက် ယှက်တာက ပိုကောင်းလိမ့်မယ်။ သူမက ချင့်ချင့်ချိန်ချိန်နဲ့ ဖုန်းကိုပြန်ထည့်ထားလိုက်ပြီး သူ့ကို မက်ဆေ့ထပ်မပို့တော့ ချေ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now