အခန်း(၇) အလှတရား/အခန္း(၇) အလွတရား

10.3K 1.1K 40
                                    


Unicode

အခန်း(၇) အလှတရား

ချန်ရှုံချီရဲ့ကားက အဝေးကို မောင်းထွက်သွားခဲ့ပြီး လုံးဝမမြင်ရတော့မှ စုယာယာက ခန်းဆီးကို လွှတ်လိုက်ပြီး အိပ်ယာဆီ ပြန်လျှောက်သွားတယ်။

သူမက အိပ်ယာပေါ်က ပလက်တီနမ်ကဒ်ကို မြင်လိုက်တော့ အပြုံး အကြီးကြီးတစ်ခုနဲ့ ကောက်ယူလိုက်ပြီး နောက်တစ်ခါ နမ်းလိုက်ပြန်တယ်။

သူမက အိပ်ယာပေါ် စိတ်လွတ်ကိုယ်လွတ် ပြန်လှဲချလိုက်ပြီး သူမ ဆင်းရဲ မွဲတေခဲ့ စဉ်တုန်းက အချိန်တွေကို ပြန်တွေးနေမိတယ်။

ထိုစဉ်က သူမရဲ့မစို့မပို့ဝင်ငွေလေး ရရှိဖို့အလို့ငှာ သေလောက်အောင် ကုန်းရုန်းပြီး အလုပ်လုပ်ခဲ့ရတယ်။ အလုပ်မှာ သူမ အမှားလေးတစ်ခု ပြုလုပ်မိလိုက်တာနဲ့ သူမတို့ အဖွဲ့ခေါင်းဆောင်ဆီက အဆူခံရတယ်။ ပြီးတော့ ဒဏ်ရာကို ဆားသိပ်တဲ့အနေနဲ့ လတိုင်း လစာကလည်း နေဖို့ထိုင်ဖို့လုံလောက်ရုံလေးပဲ ရတယ်။

လကုန်ချိန်ဆို သူမမှာ အခန်းငှားခ၊ ရေဖိုး၊ မီးဖိုး အကုန်ပေးရတယ်။ သူမမှာ အဝတ်အစားအသစ် ဒါမှမဟုတ် ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေကို မဝယ်ရဲခဲ့ဘူး။ ပိုက်ဆံစုရမည့်အတွက်ကြောင့်ပင်။ သို့ပေမယ့်လည်း သူမ ဘယ်လောက်ပဲ ချွေတာ ချွေတာ တစ်နှစ်ပြီးလို့ နှစ်ကုန်ဆိုရင် ဘာပိုက်ဆံမှ ပိုမနေခဲ့ဘူး။ သူမ နေထိုင်ခဲ့ရတဲ့ နေ့ရက်တိုင်းက စိတ်ပျက်ဖွယ်ပဲ။

တစ်ခါတစ်ရံ သူမ သူမရဲ့အားလပ်ချိန်တွေမှာ ရိုမန့်တစ်နိုဗယ်တွေဖတ်ပြီး တစ်နေ့, ချမ်းသာပြီးချောမောလှပတဲ့ကောင်လေးတစ်ယောက်က ကောင်းကင်ပေါ်ကနေ ဆင်းလာ ပြီး သူမကို ရွှေရောင်ကဒ်ကြီးပေးလိမ့်မယ်လို့ စိတ်ကူးတွေယဉ် ပြီး ကုန်ဆုံးရင် ကုန်ဆုံးနေလိမ့်မယ်။ သူက သူမကို ပြောလာလိမ့်မယ်" မင်း သုံးချင်သလောက်သုံး ပြီးတော့ ကဒ်ကို မင်းဖြတ်ချင်သလောက် ဖြတ်"(t/n;casherဖြတ်တဲ့အရေအတွက်ကို ပြောတာနော်...) တကယ်သာ ဖြစ်လာခဲ့ရင် သေချာပေါက် သူမ ပျော်လွန်းလို့ ခုန်ပေါက်နေလောက်တယ်လို့ အမြဲတွေးနေခဲ့ဖူးတယ်။

ခုချိန်မှာတော့ သူမရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေက သူမ စိတ်ကူးခဲ့ဖူးအတိုင်း ဖြစ်နေခဲ့ ပြီ။ 'လ၏အလွန်'ဆိုတဲ့စကားပုံတောင်မှ အခု သူမရဲ့အပျော်လွန်နေမှုကို ဖော်ပြနိုင်မှာမဟုတ်ဘူး။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now