Chapter 127(Uni & Zawgyi)

3.6K 459 10
                                    

Unicode

အခန်း(၁၂၇)ယာယာက လောဘမကြီးပါဘူး-၃

မည်သူမှသိမည်မဟုတ်ချေ။ အမှန်တော့ သူမရဲ့အပြုံးချိုချို လေးက သူ့ကို အလွန်အမင်းအကျိုးသက်ရောက်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။

သူသည် ပို၍အသေးစိတ်ကျလှသော အကြံအစည်တွေကို ပြင်ဆင်ထားခဲ့သော်လည်း သူမကို တွေးလိုက်မိသည်နှင့် မလုပ်ဆောင်နိုင်တော့ချေ။ သူမလေး ဆက်လက် ပြုံးပျော်ရွှင်နိုင်ဖို့သာ မျှော်လင့်မိတော့သည်။ အဲဒါက ချန်ရှုံ့ချီရဲ့ဘေးမှာ ဖြစ်နေခဲ့ရင်တောင်မှပေါ့။ သူမအတွက် ချန်ရှုံ့ချီနှင့် တိုက်ခိုက်မည့်အစား ရှုချောင်ရန်သည် တိတ်တဆိတ် လက်လွှတ်ပေးလိုက်ဖို့သာ ဆုံးဖြတ်ခဲ့သည်။

*** *** ***

စုယာယာ အိပ်ယာမှနိုးလာသောအခါ သူမ၏စိတ်ခံစားချက်တို့ ပိုအဆင်ပြေသွားခဲ့သည်။ သူမသည် စိုးရိမ်ကြောင့်ကြနေတတ်သည့်လူစားမျိုးမဟုတ်ချေ။ ဖြစ်ခဲ့တာတွေက ဖြစ်ပြီးသွားခဲ့ပြီဖြစ်တာကြောင့် ရှေ့ဆက်သွားဖို့ အစီအစဉ်တစ်ခုကိုသာ စဉ်းစားထားသည်။ အခုတော့ အဲဒါကို ထုတ်သုံးဖို့အချိန်ပဲ။

အိပ်ယာက ထ၍ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လှေကားမှ ဆင်းလာစဉ် ဂလုံးဂလွမ်မြည်သံတွေကြောင့် လန့်သွား၏။ မီးဖိုခန်းထဲမှာ ချန်ရှုံ့ချီတစ်ယောက် ဘာတွေလုပ်နေသလဲ သူမ,မသိပေ။ ဒါ့ကြောင့် အမြန်ဆင်းလာခဲ့သည်။

မီးဖိုချောင်ထဲ ဝင်လိုက်သည်နှင့် အဖြူရောင် ရှပ်အင်္ကျီကို ဝင်ထားပြီး အင်္ကျီလက်ကို ခေါက်တင်ထားသော လက်ထဲမှာ ယောက်မတစ်ချောင်းနှင့် အိုးထဲက တစ်စုံတစ်ရာကို မွှေနေသည့်ချန်ရှုံ့ချီ၏မြင်ကွင်းက သူမကို ကြိုဆိုနေသည်။

သူက လှည့်ကြည့်ပြီး သူမကို ပြုံးပြ၏။

"ကိုယ် ဆန်ပြုတ် ပြုတ်နေတာ"

အမေရေ! ဗိုလ်ကျခြယ်လှယ်တတ်တဲ့ဉက္ကဌကြီးက သူမအတွက် ဆန်ပြုတ်,ပြုတ်ပေးနေသတဲ့! ဒါကို မူရင်းဝတ္ထုထဲမှာ ရေးမထားပါ! တစ်နေ့ထဲမှာ ဒုတိယအကြိမ်မြောက် သူ့ကြောင့် သူမရှော့ရရပြန်သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now