Chapter 100(Uni&Zawgyi)

5.5K 599 16
                                    

Unicode

အခန်း(100)အကြီးစားလျှို့ဝှက်ချက်!-3

မန်နေဂျာရှောင်သည် ခဏလောက်ကြောင်သွားသည်။ သူ သီးသန့်ကြားထားသည့်ကောလဟာလတွေအကြောင်း ပြန်တွေးမိသွားသည်။ အရင်က သူ့ကို ရှုချောင်ရန်ရဲ့ Identityကို ဆုံးဖြတ်ခိုင်းခဲ့စဉ်က သရုပ်ဆောင်စာရင်းကို ပို့ပေးခဲ့ပေမယ့် ထိုသူရဲ့နာမည်ကိုမြင်တော့ ချန်ရှုံချီက ဘာမှမပြောခဲ့ဘူးလေ။ သဘောတူတယ်လို့ဆိုလိုတာပဲ မလား။ ဒါဆိုဘာဖြစ်လို့ ရုတ်တရက်ကြီးမအိုကေတော့တာ လဲ? မနေ့က ဖြစ်ခဲ့သည့်ကိစ္စကြောင့်လား? ဖြစ်နိုင်တယ်။ ချန်ရှုံချီက စုယာယာ ကို အများကြီးဂရုစိုက်တာပဲ!

ချန်ရှုံချီက စကားဆက်သည်။

"ဇာတ်လိုက်ကို ပြောင်းလိုက်... ဘယ်သူနေနေ.. ရှု ချောင်ရန် မဟုတ်ရင်ပြီးရော"

"အမ်.. ဒါဆို ယန်ကျွင်ရိ ရောဗျ?"

မန်နေဂျာရှောင်ကမရဲတရဲမေးလာသည်။ အစက ထိုနှစ်ယောက်ထဲမှ တစ်ယောက်ကိုရွေးဖို့ သူတို့လုပ်ထားကြ ပေမယ့် အဆုံးမှာတော့ ရှုချောင်ရန်လို့ ဆုံးဖြတ်ချက်ချခဲ့ကြ သည်။

ချန်ရှုံချီu ထိုနာမည်ကိုကြားတော့ မျက်မှောင်ကြုတ် သွားပြီး ပြောလေသည်။

"နောက်တစ်ယောက် ရှာလိုက်..သူလည်းပဲ ကောင်းတာ မရှိဘူး.."

ထို့နောက် မန်နေဂျာရှောင်၏အဖြေကို မစောင့်ဘဲ ထပ် ပြောလာသည်။

"အပယ်ခံထားရတဲ့ဇာတ်လိုက်က ပြန်လာခွင့်ရှိသေး တယ်လို့မင်းထင်လို့လား? အခြားတစ်ယောက်ကိုသာ ရှာ လိုက်.. အနုပညာလောကမှာ အမျိုးသားသရုပ်ဆောင်တွေ ဒီ လောက်အများကြီးရှိနေတာပဲ.. သူတို့မပါဘဲ လုပ်နိုင်တယ်"

သူ မှန်ပါတယ်။ မန်နေဂျာရှောင်က ပြောသည်။

"ဟုတ်ကဲ့..နားလည်ပါပြီ.. ကျွန်တော် ခုပဲလုပ်လိုက်ပါ မယ်"

'ရှင်သန်လာသောနန်းတော်' ရိုက်ကူးရေးဟာဆိုရင် ယာယီ ရပ်ဆိုင်းထားပြီး အမျိုးသားဇာတ်လိုက်နေရာပြောင်း လဲသွားသည်ဆိုတဲ့သတင်းက အမြန်ပဲ ထွက်ပေါ်လာခဲ့ သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now