အခန်း(၅၆)Water Army-3

6.4K 878 67
                                    

Unicode

အခန်း(၅၆)Water Army-3

စုယာယာသည် ချန်ရှုံချီကို မလျော်ကန်တာ ဘာမှမလုပ်ထားသော်လည်း အင်တာနက်ပေါ်က မှည့်အမည်းတွေက သူမကို ဘောင်ခတ်ထားပြီးနောက် အင်အားကြီးသော ချန်ရှုံချီနဲ့ ရင်ဆိုင်ရစဉ် အားမရှိတော့သလို ခံစားရသည်သာ။

ချန်ရှုံချီသည် ဒီဝတ္ထုရဲ့ စိုးမိုးခြယ်လှယ်သော ဉက္ကဌအမျိုးသားဇာတ်လိုက်ကြီး ဖြစ်နေစဉ် သူမက ဒီတိုင် အမြှောက်စာလေးလို့ ဘယ်သူ ပြောခဲ့တာလဲ? ဇာတ်လိုက်ကြီးရဲ့ အဟန့်ကောင်းသော အရှိန်အဝါကို ယှဉ်ဖို့ အမြှောက်စာလေးအတွက် ဘယ်လိုမှ မဖြစ်နိုင်ပေ။

စုယာယာက ထိုကိစ္စတွေကို တွေးဆနေစဉ်မှာပင် ချန်ရှုံချီသည် သူမဆီ တန်းတန်းမတ်မတ် ဉီးတည်လာပြီး သူမရှေ့မှာ လာရပ်သည်။ သူက သူမကို သူ့ရဲ့အကြည့်စူးစူးတို့ဖြင့် အပေါ်အောက်ကြည့်နေပြီး ပြောသည်။

"ကြောင်တောင်တောင် ဘာလို့ ဒီမှာ ရပ်နေတာလဲ?"

စုယာယာရဲ့နှလုံးမှာ မြန်ဆန်စွာ ခုန်နေသလို အံ့အားသင့်စွာ မေးသည်။

"ကိုကရော ဘာလို့ ဒီရောက်နေတာလဲ?"

ချန်ရှုံချီသည် သူမကို ကြည့်ပြီး ပြောသည်။

"သူ သွားတာ အရမ်းကြာနေလို့.. မင်း ပျောက်သွားပြီထင်လို့ မင်းကို လာရှာတာလေ"

စုယာယာ မသိလိုက်စွာ နှုတ်ခမ်းစူပြီး ပြောသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ယာယာက ပျောက်သွားစရာလား ဟိဟိ!"

ချန်ရှုံချီသည် လက်ကို မြှောက်ပြီး သူမခေါင်းကို ပုတ်သည်။

"မင်းက တုံးလွန်းလို့ လုံးဝဖြစ်နိုင်တယ်"

စုယာယာ:"......."

ရှင်သာ တုံး, ရှင်တို့ တစ်မိသားစုလုံးသာ တုံးနေလိုက်!

ချန်ရှုံချီသည် သူမရှေ့မှာ လက်ကို ဖြန်ပြီး ဘာအမူအရာမှမရှိတဲ့ မျက်နှာထားနဲ့ ပြောသည်။

"ကိုယ့်ကို မင်းဖုန်းပေး"

စုယာယာ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်သည်။ သူ့ရဲ့ ပြတ်သားခိုင်မာပြီး အလျှော့မပေးသော အကြည့်နဲ့ မျက်နှာချင်းဆိုင်နေရစဉ် သူမ နိုးဟု မပြောရဲပါ။ ထို့ကြောင့် နာခံစွာနဲ့ ဖုန်းကို သူ့ထံ ပေးလိုက်ရသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now