အခန်း(၄၆) အိမ်မှာ ခြင်္သေ့မရှိသောအခါ-၂
သူမသည် ဘာမှမပြောဘဲ သူကိုသာ ကြောင်တောင် တောင နှင့် ကြည့်နေတာကို မြင်တော့ ချန်ရှုံချီ သည် သူမထံ အေးစက်ခက်ထန်စွာ ကြည့်ပြီး ဟွန်း'ဟု အသက်ပြုသည်။ လည်ပင်းပေါ်က နက်ကတိုင်ကို လက်နှင့်ဆွဲဖြေကာ ခြေလှမ်းကျဲကြီးတွေနှင့် သူမထံ လျှောက်လှမ်းလာသည်။
"ဒီ...ဒီနေ့ အိမ်....ပြန်မလာဘူးလို့ ပြောခဲ့တယ် မဟုတ် ဘူးလား?"
စုယာယာသည် နောက်ဆုံးတော့ သူမရဲ့မိန်းမောခြင်းမှ နိုးထလာခဲ့ပြီး ချန်ရှုံချီထံ ကြည့်နေသည်။
ချန်ရှုံချီသည် သူမရှေ့မှာ ရပ်လိုက်ပြီး သူ့ရဲ့ရှည်သွယ် သော လက်ချောင်းတွေဖြင့် မေးကို ကိုင်ကာ သူမရဲ့ခေါင်းကို မော့စေသည်။ အနည်းငယ် မျက်ဝန်းတို့ကို မှေးစင်းကြည့် ကာ အန္တာရာယ်အငွေ့အသက်တို့ဖြင့် သူမအား ကြည့်နေပြီး သူ နူးညံ့ညင်သာစွာ ပြောလာသည်က
"ကိုယ်သာ ပြန်မလာခဲ့ရင် မင်းက ဘာလုပ်ဖို့ ကြံစည် ထားတာလို့လဲ?"
ထိုသူ့ရဲ့အန္တာရာယ်ရှိသော အကြည့်နှင့် ဆုံချိန်မှာ စုယာယာ၏ အသဲနှလုံးသည် တဟုန်တိုး ကျယ်လောင်စွာ ခုန်ပေါက်နေ၏။ ရင်ဘက်ထဲကမှ ခုန်ထွက်သွားတော့မည် အလားပင်။ တုန်လှုပ်ခြောက်ခြားစွာ လက်တို့ကို ကျစ်နေ အောင် ဆုပ်ထားမိကာ တံတွေးမိချရသေးသည်။ သူမက ရှက်ရွ စွာ ပြော၏။
"ယာယာလေ... ယာယာက.. ဘာမှ လုပ်ဖို့ မကြံစည် ထားပါဘူး"
ဟမ့်..
သူမကို ယုံဖို့က ငတုံးငအမှပဲ ဖြစ်နိုင်မယ်...
သူသည် နှုတ်ခမ်းတို့ကို တွန့်ကွေးကာ တစ်ဝက်ပြုံး,ပြုံး ပြ၏။
"မင်း အိမ်ကို ဖြိုချဖို့ ကြံစည်နေတာမလား?"
ထိတ်လန့်ဖွယ်မေးခွန်းပဲ။ သူမမှာ သူမ ဟုတ်တယ် လို့ များ ပြောဝံ့လျှင် သူ သူမကို စုတ်ဖြဲပစ်တော့မယ်မလို ခံစား နေရသည်။
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now