Chapter 86+87+88

4.9K 553 17
                                    

Unicode

အခန်း(၈၆) နာတယ်-

ထိုနေ့က စုယာယာသည် ပထမဆုံးအဖွဲ့ထဲ ပါဝင်လာ ခဲ့ပြီး ဇာတ်လမ်းစရိုက်ရသည့်နေ့ဖြစ်ပြီး အမျိုးသား ဇာတ်လိုက် ရှုချောင်ရန်နှင့် သရုပ်ဆောင်ရမည့် တစ်ခန်းသာ ရိုက်ရလေသည်။ လက်ရှိအမျိုးသမီးဇာတ်ပို့အနေနှင့် သူမရဲ့ ဇာတ်ကောင်နေရာသည် ကြင်ယာတော်အလှလေးတစ်ဉီး ၏နေရာသာဖြစ်သည်။ ရှုချောင်ရန် သရုပ်ဆောင်ရလေသော ဧကရာဇ်မင်းကြီးဖြစ်သူ၏ နှစ်သက်မှုကို ရရှိဖို့ရန်အလို့ငှာ သူမသည် သူ့ဘေးရှိမိန်းမစိုးတွေအကုန်ကို လာဘ်ထိုးထားရ လေသည်။ ဧကရာဇ်၏အကြိုက်ကို သိရှိသည်နှင့် သူမက ကြာပန်းအိုင်ဆီသို့ တိတ်တဆိတ်အပြေးသွားကာ ဖိနပ်၊ ခြေအိတ်တို့ကိုချွတ်ပြီး ထိုဘေးရှိကျောက်တုံးတွေပေါ် ထိုင် ချပြီး ရေဆော့နေခဲ့၏။

သူမမှာက ကျောက်စိမ်းလိုဖြူဖွေးနေသော လှပပြီး နုနယ်ကျော့ရှင်းသော ခြေထောက်တစ်စုံရှိလေသည်။ အထူး သဖြင့် တလက်လက်တောက်ပနေသောရေပြင်အောက်မှ နစ်မြှုပ်ထားသည့်အခုမျိုးမှာပေါ့။ ဧကရာဇ်တစ်ယောက် ဖြတ်လျှောက်သွားစဉ် ထိုမြင်ကွင်းကိုမြင်ပြီးနောက် ချက် ချင်းဆိုသလိုပင် မင်းကြီးသည် သူမ၏လှပသောခြေထောက် တစ်စုံကြောင့် ဖမ်းစားခံလိုက်ရတော့သည်။ သူ့အတွက် တော့ အကြွင်းမဲ့ကိုလှပနေခဲ့၏။ နတ်ဆိုးတစ်ပါးက ညှို့ငင် နေသလိုမျိုး သူမရဲ့ခြေထောက်တို့ကို ထိချင်စိတ်သာ ဝင်နေတော့သည်။

ဇာတ်ညွှန်းထဲမှာ ရေးသားထားသောဇာတ်ကြောအရ ဧကရာဇ်သည် ကြင်ယာတော်၏ခြေဖဝါးပြင်ကို အဆင် ချောချောထိတွေ့နိုင်ခဲ့ပြီး တစ်မဟုတ်ချင်းပင် သူတို့နှစ်ဉီး သား ချစ်ကျွမ်းဝင်သွားခဲ့သည်။ ထို့နောက် သူသည် ကန်ယွမ့် နန်းတော်ဆီ ဒီကြင်ရာတော်နှင့်အတူ ပြန်လှမ်းကြွချေမည်။ အတူတကွ ချစ်ရည်ထုံလွှမ်းသောညတစ်ညကို ကုန်လွန်ခဲ့ပြီး နောက် သူမကို ထိုသူနှစ်သက်သောအမျိုးသမီးအဖြစ် တင်မြှောက်ပစားပေလိမ့်မည်။

သို့သော် ရိုက်ကူးနေစဉ် မတော်တဆမှုတစ်ခု ဖြစ်သွား ခဲ့၏။ လေးလံလှသောရှေးခေတ်ဝတ်စုံကို‌ ဝတ်ဆင်ထား သောစုယာယာသည် ဖိနပ်ကိုချွတ်ပြီး ကြာပန်းအိုင်အစပ် တွင် ရှိနေသော ကျောက်တုံးပေါ်ထိုင်ကာ ရေကစားနေခဲ့၏။ နေရောင်သည် သစ်ရွက်တွေအကြားမှဖောက်ဝင်ကာ စုယာ ယာ၏ခန္ဓာကိုယ်ပေါ် ဖြာကျနေခဲ့ပြီး ရွှေအလွှာပါးလေး ခင်းထားသည်အလား ရေပြင်ကျယ်သည်လည်း တလက် လက်ဖြာဆင်းကာ လှပနေသောမြင်ကွင်းတစ်ခုကို ဖန်တီး ပေးနေ၏။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now