Chapter 136 (Uni & Zawgyi)

3.8K 479 17
                                    

Unicode

အခန်း(၁၃၆)The most beautiful star

စုယာယာ၏တရစပ်ငြင်းဆန်မှုနှင့်
အာဒင်၏ဖျောင်းဖျမှုအောက်မှာ နောက်ဆုံးတော့ ချန်ရှုံ့ချီတစ်ယောက် နောက်ထပ် ဝတ်စုံတစ်ထည်ကို ရွေးဖို့ သဘောတူခဲ့ရသည်။ အထည် ၁၀၀ လောက်နီးပါး ကြည့်ပြီးကာမှ Black Dovetail Halter Dress တစ်ထည်ကို ရွေးဖြစ်ခဲ့သည်။ ဒါကတော့ သူမလေးရဲ့ပခုံး သွယ်သွယ်လေးကို ဖော်ထားရုံမှအခြား ဘာမှပေါ်နေခြင်းမရှိ။ ရင်ဘတ်, နောက်ကျော ဒါမှမဟုတ် ခြေထောက် တစ်ခုမှပေါ်နေခြင်းမရှိ။

ကံကောင်းစွာနှင့် ထိုဂါဝန်က ဖက်ရှင်ကျတယ်လို့မြင်လို့ ရသေးလို့။ စုယာယာသည် နဂိုလှသူဖြစ်ရာ ပိုပိုသာသာပြင်ဆင်ထားခြင်းမဟုတ်ဘဲ သာမန်ဝတ်စုံလေးတစ်ထည်ကိုပင်
ကြည့်ကောင်းနေစေသည်။ ဈေးနှုန်းအမြင့်ထဲက Halter dress တစ်ထည်ကို ဆွဲထုတ်လိုက်ကာ ဗြောင်နေသော်ငြားလည်း လုံးဝ ပြဿနာဖြစ်မနေ။ ထို့နောက် အာဒင်က သူမရဲ့ မိတ်ကပ်နှင့်ဆံပင်ပုံစံကို ဝတ်စုံနှင့်လိုက်အောင် ပြင်ပေးသည်။

အားလုံး ပြင်ဆင်ပြီးသွားသည်နှင့် သူမသည် ထွက်လာခဲ့ပြီး ချန်ရှုံ့ချီ၏ရှေ့တည့်တည့်မှာ သွားမတ်တပ်ရပ်လိုက်၏။

"ယာယာ လှလား?"

သူမက မေးကိုမော်ချီကာ မေးသည်။

"လှတယ်"

ချန်ရှုံ့ချီသည် စိတ်ထဲကအတိုင်း ဖြေခဲ့၏။ အမှန်အတိုင်း ပြောရပါလျှင် သူမ အဝတ်လဲခန်းထဲမှ ထွက်လာခဲ့စဉ်ကတည်းက သူ့အကြည့်တို့ကို ဖမ်းစားသွားခဲ့တာဖြစ်သည်။

စုယာယာက ပြုံးသွားသည်။

"ယာယာလည်း အဲလိုပဲထင်တယ်"

ချန်ရှုံ့ချီက လက်ကိုဆန့်ပေးကာ ညင်သာစွာပြောသည်။

"သွားရအောင်"

"အိုကေ"

သူမ သူ့လက်မောင်းကိုချိတ်၍ အတူတူ
ဖက်ရှင်စတူဒီယိုထဲမှ ထွက်လာခဲ့သည်။

ည၈နာရီမှတော့ ဖုဟိန်ကျွန်းဆွယ်ဟိုတယ်
ဂိတ်ရှေ့တွင် ကားတွေနှင့် ပြည့်ကျပ်နေတော့သည်။ Charity Dinner ကို
လာကြသည့်သူတွေအများစုသည်
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ, နာမည်ကြီးဒါရိုက်တာတွေ, ပရိုဂျူဆာတွေ, အဆိုတော် တွေနှင့် သရုပ်ဆောင်တွေဖြစ်သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now