အခန်း(၄၂)တကယ့်ရတနာလေးပဲ/အခန္း(၄၂)တကယ့္ရတနာေလးပဲ

7.2K 980 66
                                    

Unicode

အခန်း(၄၂)တကယ့်ရတနာလေးပဲ

အန်ယွီထင်က အရင်တုန်းက အဖြစ်အပျက်တွေကို ပြန် ပြောလာတော့ ချန်ရှုံချီ နားထောင်နေရင်း အကြောင်းပြချက် တစ်ချို့ကြောင့် အနည်းငယ်စိတ်ရှုပ်လာ၏။ သူ့မျက်နှာက တစ်စက္ကန့်လောက် မှောင်မဲသွား၏။

အန်ယွီထင်သည် သူ့အမူအရာကို သေချာကြည့်နေတာ မို့ သူ မပျော်မရွှင်ဖြစ်နေတယ်ဆိုတာကို သူမ ပြောနိုင်သည်။ သူမသည် ပိုပိုသာသာလေး ချစ်စရာကောင်းအောင် သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကာ

" ရှုံချီကောကော, ရမှာလား မရဘူးလားလို့? ညီမကို ဒုတိယအမျိုးသမီးဇာတ်ကောင်နေရာကို ပေးပါဆိုကွာ! ဒီနေ့ ည မမကို ဖုန်းခေါ်ပြီး ဒီအကြောင်း သူမကို ပြောပြပေးမယ် လေ"

တစ်စုံတစ်ရာ မှားယွင်းနေသလိုတော့ မခံစားရပေမယ့် တစ်ယောက်ယောက်ကများ သေချာ နားထောင်ကြည့်မယ် ဆိုရင် မှန်တော့မနေဘူး။ သူသာ သဘောတူခဲ့ရင် အားလုံး ကောင်းသွားလိမ့်မယ်။ ဒါပေမယ့် သူ သဘောမတူလိုက်ရင် ကော? သူမက ဒီအကြောင်းကို သူမအစ်မဆီပြောမယ်လို့ ပြောတာဆိုတော့..။ သူမရဲ့အစ်မကို ပြောမယ်လို့ ကြိမ်းဝါး နေတာပဲမလား?

ချန်ရှုံချီလိုလူမျိုးက သူ့ကိုယ်သူ ခြိမ်းခြောက်ကြိမ်းဝါးခံ ဖို့ ခွင့်ပြုပါ့မလား? သူက အန်ယွီထုန်ကို တကယ်ကြိုက် သော်ငြားလည်း အန်ယွီထင် သူ့ကို ခြိမ်းခြောက်ဖို့ ခွင့်မပြု နိုင်ပေ။

သူက သူမကို အဖက်မလုပ်ဟန်ဖြင့် ကြည့်ပြီး ပြော၏။

"ငါ ဒီဇာတ်ကောင်နေရာအတွက် အခြားတစ်ယောက် ကို ရွေးထားပြီးလို့ စာချုပ်မှာ လက်မှတ်ထိုးပြီးခဲ့ပြီ.. မင်း အခြားနေရာကို လိုချင်တယ်ဆိုရင်တော့ ငါ မင်းအတွက် စီစဉ်ပေးလို့ရတယ်.. ဒါပေမယ့် ဒီတစ်ခုကတော့ မရဘူး"

" ရှုံချီကောကော..."

အန်ယွီထင်သည် ထိုနေရာအတွက် တိုက်ခိုက်ချင်သေး သော်လည်း ချန်ရှုံချီ က မတ်တပ်ရပ်ပြီးလို့ သူမကို တံခါးဆီ ညွှန်ပြသည်။

"ငါ့မှာ လုပ်စရာတခြားအရေးကိစ္စတွေ ရှိသေးလို့ လက်ထောက်ချန်က မင်းကို လိုက်ပို့ပါလိမ့်မယ်"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now