Chapter 132(Uni & Zawgyi)

3.8K 472 15
                                    

Unicode

အခန်း(၁၃၂)သူမရဲ့'ချစ်သူကောင်လေး'-၁

ထို့နောက်တော့ စုမားမားသည် သူမအလွတ်ရနေခဲ့ ပြီးသားဖြစ်သောနံပါတ်တစ်ခုကို ရိုက်နှိပ်ထည့်ခဲ့ပေမယ့် ရှားရှားပါးပါး ခေါ်လို့ရခဲ့ခြင်းပေ။

ဖုန်းမှန်ပြင်ပေါ်ရှိ နာမည်ကို ကြောင်အမ်းစွာ အကြိမ် အနည်းငယ်ခန့်စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ စုယာယာဖုန်းကိုင်လိုက်သည်။

ဖုန်း၏တစ်ခြားတစ်ဖက်ဆီမှ စုမားမား၏နူးညံ့ကြင်နာ သောအသံလေး ထွက်ပေါ်လာခဲ့သည်။

"ယာယာ, သမီးလေး အခုတလော အဆင်ပြေရဲ့လား? ရည်းစားအသစ်ရနေတာလား?"

စုမားမား၏အသံကို ကြားလိုက်ရသောအခါ အကြောင်း ပြချက်တစ်ချို့ကြောင့် စုယာယာသည် အနည်းငယ် မျက်ရည်ဝဲ ချင်လာသလို ခံစားလိုက်ရသည်။

ဒါက သူမရဲ့ကွယ်လွန်လေပြီးသောမိခင်ကို သတိရစေ၏။ ထို့ကြောင့်ပင် လည်ချောင်းထဲက ခြောက်ကပ်ကပ်ဖြစ်လာလေ၏။

"မား"

တုံ့ဆိုင်းမှုများနှင့်သူမ ပြန်ဖြေခဲ့သည်။

စုမားမားသည် ခဏလောက်ကြောင်အမ်းသွား၏။ သူမရဲ့ သမီးလေးဆီကနေ 'မား'လို့အခေါ်မခံရတာ အတော်ကြာခဲ့ပြီလေ။ ကြာလွန်းလို့ စုမားမားတောင် သူမလေးရဲ့အသံကို မေ့ချင်ချင်ဖြစ်နေပြီ။

သူမ၏နှလုံးသားထဲသို့ ကြည်နူးမှုတွေ အုံလိုက်ကျင်းလိုက် သိမ့်ဝင်လာ၏။ စုမားမားက အမြန်တုံ့ပြန်ဖို့ရာပြင်၍ စိုးရိမ်တကြီး မေးတော့သည်။

"ယာယာ, သမီးလေး ခုလတ်တလော အဆင်ရောပြေရဲ့ လား? အခု သမီးမှာရည်စားရနေပြီလို့ မားကြားတယ်.. တကယ်လား?"

"အွန်း"

စုယာယာသည် အသက်အက်အက်ဖြင့် အဖြေပြု၏။ 'ရှင် လုပ်လိုက်တာကို ကြည့်စမ်း, ကျွန်မအမေတောင် ရှင့်ရဲ့ Weibo ပို့စ်အကြောင်းသိသွားပြီ'ဟု ပြောချင်သလိုအလား ခေါင်းကို မော့ကာ ချန်ရှုံ့ချီထံ အပြစ်တင်သည့်အကြည့်တစ်ချက်နှင့် မျက်စောင်းထိုးလိုက်၏။

သူက မျက်ခုံးတစ်ဖက်ပင့်ပြကာ အမေးပြုလေသည်။

"ဘာဖြစ်လို့လဲ?"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now