Chapter 95(Uni&Zawgyi)

5.2K 682 49
                                    

Unicode

အခန်း(၉၅)ချန်ရှုံချီနဲ့မင်းရဲ့ဆက်ဆံရေးက ဘယ်လိုနေလဲ-၂

ထိုစဉ်မှာ သူမ၏ဖုန်းမှ သာယာဖွယ်တီးလုံးသံလေး တစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလေသည်။

စုယာယာသည် အပ်မပါသည့်လက်နှင့် ဖုန်းကို ကောက် ကိုင်ပြီးဖုန်းမျက်နှာထက်က ကျုံဖိန်ယွင်၏နာမည်ကို မြင် လိုက်ရသည်။ ဖုန်းကိုင်လိုက်ပြီး သူမ'ဟယ်လို'ဟု ထူးလိုက် သည်နှင့် တစ်ဖက်မှထွက်ပေါ်လာသည့် ကျုံဖိန်ယွင်၏ စိတ်လှုပ်ရှုားနေသောအသံကို ကြားလိုက်ရသည်။

"ယာယာ.. အားလုံးဖြေရှင်းပြီးသွားပြီ.. အင်တာနက် ပေါ်က အရာအားလုံးကိုင်တွယ်ပြီးလို့ ရှာဖွေမှုတွေတောင် ငြိမ်ကျသွားပြီ.. မင်းကို ပြောဆိုထားတဲ့ ကောမန့်တွေလည်း ဖျက်ခံလိုက်ရပြီ.. သတင်းထောက်Xကလည်း Weiboပေါ်က ပို့စ်ကိုဖျက်ပြီး တောင်းပန်သွားတယ်.. အခြား ပြန်ကူးတင် သူတွေကလည်း နောက်ဆက်တွဲတွေ တင်ပေးကြတယ်.. နင်ဥက္ကဌချန်ကို ပြောပြလိုက်ပြီး သူက တစ်ယောက်ယောက် ကို ခိုင်းလိုက်တာမလား?"

"မဟုတ်ဘူး.. ညီမ မပြောပါဘူး"

ထိုစကားတွေကိုကြားစဉ် စုယာယာ မအူမလည်ဖြစ် သွားရ၏။ အားလုံးကို ဖြေရှင်းပြီးပြီ? ဒါပေမယ့် ခုထိ ချန်ရှုံချီ ကို သွားရှာဖို့အချိန်တောင် သူမမှာရှိခဲ့တာမဟုတ်။ စောစော က သူ့ဆီပို့ခဲ့တာတွေဆီကလည်း ပြန်စာတစ်ခုမှ မရှိသေး။ ဖြစ်နိုင်တာက... သူ အစကတည်းက ပို့စ်တွေကိုမြင်ပြီး တစ်ယောက်ယောက်ကို ကိုင်တွယ်ခိုင်းခဲ့တာလား? ဒါဆို ဘာဖြစ်လို့ သူမကိုကျ လျစ်လျူရှုထားတာလဲ?

ကျုံဖိန်ယွင်က ဆက်ပြောသည်။

"ဒါ ဥက္ကဌချန်လုပ်တာပဲဖြစ်မယ်လို့ ငါပြောရဲတယ်.. မဟုတ်ရင် ဘယ်သူမှဒီလောက်မြန်မြန်ကြီး လုပ်နိုင်မှာ မဟုတ်ဘူး.. ဒီတစ်ကြိမ်တော့ သူကနင့်ကို အကြီးကြီး ကူညီ လိုက်တာပဲ.. နင်သူ့ကို နောက်ကျရင် ကျေးဇူးသိတတ်ဖို့ ပြင် တော့.. သူ့ကို ဒေါသမဖြစ်စေနဲ့"

စုယာယာသည် ခဏလောက် ကြောင်အမ်းနေပြီးမှ ပြောသည်။

"အိုကေ.. သိပြီ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now