Chapter 142 (Uni & Zawgyi)

3.8K 427 15
                                    

Unicode

အခန်း(၁၄၂)ဘယ်လိုပဲဖြစ်ဖြစ်ချိုတယ်.. ဘယ်လိုလဲဆိုတာ မင်းသိပါတယ်-၁

Skincareကြော်ငြာအတွက် ရိုက်ကူးမှုက ခပ်မြန်မြန်ပင် ပြီးစီးသွားခဲ့ပြီး ကြော်ငြာအခကြေးငွေ ၅ မီလီယမ်သည်လည်း သူမထံ ခပ်မြန်မြန်ပဲ ရောက်ရှိလို့လာသည်။ စုယာယာ ပိုက်ဆံတွေအများကြီး ထပ်စုမိပြန်ပြီ။

ထိုအချိန်အတောအတွင်းမှာ စုယာယာကြော်ငြာများစွာ အောင်အောင်မြင်မြင်ရိုက်ကူးနိုင်ခဲ့ပြီး သူမ ဘဏ်အကောင့် ထဲရှိနံပါတ်တွေမှာလည်း အဆက်မပြတ် မြင့်တက်လာသည်။ သူမရဲ့ဘဏ်အကောင့်ထဲရှိနံပါတ်တွေကို တိတ်တိတ်လေး ခိုးကြည့်မိတိုင်း သူမအချိန်အကြာကြီး ကြည်နူးနေမိသည်။

သူမသည် အရာအားလုံး ဈေးသက်သာသည့် ကောင်တီ သေးသေးလေးမှ လာသူဖြစ်သည်။ ယွမ် ၃,၄မီလီယမ် လောက်နှင့်ပင် မင်း ဗီလာအကြီးကြီးတစ်ခုကို ဝယ်နိုင်နေပြီ ဖြစ်သည်။ ကျေးလက်ဘက်ရှိအိမ်တွေက ပိုလို့တောင် ဈေးချို သေး၏။ နောင်ကျလို့ သူမပြန်သွားရင် ဆင်ခြေဖုံးမှာ တည်းခိုဆောင်လေးတစ်ခုလောက် ဝယ်ချင်သည်။ ငါးတွေ, ဘဲတွေ, ငန်းတွေကို အစာကျွေးဖို့ ရှေ့မှာ ရေကန်လေး တစ်ကန်လောက် ပါရင်အကောင်းဆုံးပဲ။ ပြီးရင် နောက်ထဲမှာတော့ အသီးအနှံတစ်ချို့စိုက်ထားမည်။ သူမဖာသာ စားဖို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဧည့်သည်တွေကို တည်ခင်းဧည့်ခံဖို့ပဲဖြစ်ဖြစ်ပေါ့။ သူမငယ်စဉ်အခါက ကျေးလက်ဘက်မှာ နေခဲ့သလိုမျိုးအတိုင်းပင်။ ဒါ ဆို အားလပ်ရက်တိုင်း စိတ်အပန်းဖြေဖို့ ဆင်ခြေဖုံးဘက်သို့ လာရောက်လည်ပတ်ကြမည့် မြို့နေလူဧည့်သည်အနည်းငယ် ကို သူမ ရလိမ့်မည်။ သေချာပေါက် လုံးဝPerfectပဲ။

စုယာယာ အနည်းငယ် တွက်ချက်လို့နေသည်။ နောက်ပိုင်းနှစ်တွေမှာ ရိုးရိုးရှင်းရှင်း တည်းခိုဆောင်လေး တစ်ခုဝယ်ပြီး သူမအတွက် ပိုက်ဆံနည်းနည်းပါးပါး စုဆောင်း ထားဖို့ဆိုလျှင် သူမကဒ်ထဲမှာ အခုအတိုင်း လောက်ရုံပမာဏ သာရှိသေး၏။ ဒါပေမယ့် ချန်ရှုံ့ချီနဲ့သူမ ကွာရှင်းပြီးလျှင် သူက သူမကို ဇနီးမယားစရိတ်ပေးမည်ဆိုတာကတော့ မလွဲမသွေပင်။ အဲလိုဆို ပိုအဆင်ပြေသွားလိမ့်မည်။ အဲဒါဆို တည်းခိုဆောင်ကို နည်းနည်း ပိုကြီးကြီးလေး ဆောက်လို့ရပြီး ဧည့်သည်တွေကို ပိုဆွဲဆောင်နိုင်ရင် သေချာပေါက် သူမ ပိုက်ဆံရှာနိုင်မည့်ပမာဏကလည်း ပြောင်းလဲသွားမည်ပေါ့။ သူမရဲ့အိုစာမင်းစာအတွက် ပိုလို့စုဆောင်းလာနိုင်လိမ့်မည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now