Chapter 133+134+135(Uni&Zawgyi)

4K 502 15
                                    

Unicode

အခန်း(၁၃၃) သူမရဲ့'ချစ်သူကောင်လေး'-၂

စုမားမားက ရယ်မောကာပြောသည်။

"မားတို့အဆင်ပြေပါတယ်.. ဒီမှာ လေလည်းပိုသန့်တယ်.. ရေလည်းကြည်တယ်.. နောက်ပြီး ဟင်းသီးဟင်းရွက်တွေဆို လည်း ရွာသားတွေကိုယ်တိုင်စိုက်ကြတာဆိုတော့ လတ်လတ် ဆတ်ဆတ်ပဲ.. မြို့မှာ ရနိုင်တဲ့အရာတွေထက် အများကြီးပို အရသာရှိတယ်.. သမီးပါးပါးရဲ့ကျန်းမားရေးကလည်း အရင်က သိပ်အကောင်းကြီးမဟုတ်ဘူးလေ.. ဒါပေမယ့် ဒီရောက်လာ ကတည်းက ချောင်းဆိုးဘာညာတောင် မရှိတော့ဘူး.. မားတို့လည်းပင်စင်ယူပြီးပြီမလား.. နောက်ပြီး ပင်စင်ငွေက လည်း တို့လင်မယားနှစ်ယောက်အတွက်ကတော့ လုံလောက် ပါတယ်.. မြို့ကိုလည်း ပြန်စရာအကြောင်းအရင်းမရှိတော့ ဒီမှာပဲ အခြေချဖို့ ဆုံးဖြတ်လိုက်တာ"

စုယာယာသည် သူတို့ရဲ့ကိုယ်ခန္ဓာကျန်းမာနေသ၍ ဘယ်မှာပဲနေနေ အရေးမကြီးဟု တွေးသည်။

"အင်း, မားတို့ ပျော်နေရင်ရပါပြီ"

မားမားစုကလည်း သူမကိုယ်သူမ ဂရုစိုက်ပါမည့်အကြောင်း ကတိပေးကော သူမအသံထဲက ပျော်ရွှင်မှုက သက်သေပင်။ သူမ စုယာယာနဲ့ ဒီလို စကား စမြည်မပြောရတာ အတော်ကြာခဲ့ပြီ။ အရင်က စုယာယာ ဘယ်လောက်ပဲအမှားလုပ်ခဲ့ပါစေ သူမလေးက သူမရဲ့အဖိုးတန်သမီးလေး ဖြစ်နေဆဲပါပဲ။ အမေတစ်ယောက် အနေနဲ့ စုမားမားသည် မစိုးရိမ်ဘဲမနေနိုင်သလို သူမရဲ့သမီးလေး သူမကိုယ်ပိုင်ပျော်ရွှင်တဲ့ဘဝမျိုးမှာ နေနေ တာကိုပဲ မျှော်လင့်သည်။

"အခုဆို အမျိုးတွေအကုန်လုံးက သမီးမှာ ချမ်းသာတဲ့ ကောင်လေးရှိနေပြီဆိုတာကို သိနေကြပြီ.. သူတို့ရဲ့ကလေး တွေအတါက် အလုပ်ရှာပေးဖို့ ဘာဖို့ညာဖို့နဲ့ တစ်ယောက်ပြီး တစ်ယောက် မားကို ဖုန်းဆက်ပြောနေကြတာ.. တစ်ချို့ကဆို သူတို့အတွက် သမီးကို ရင်းနှီးမြှုပ်နှံမှုတစ်ချို့လုပ်ပေးဖို့တောင် ပြောနေကြတာ.. ဒါပေမယ့် ဒါက ကျိုးကြောင်းမဆီလျော်တဲ့ လူတစ်စုပါပဲ.. မား သူတို့ကို သမီးနဲ့အဆက်အသွယ်မရှိလို့ ဘယ်အချိန်လာလည်မလဲဆိုတာ မသိဘူးလို့ ပြောထားတယ်"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now