Chapter 146(Uni & Zawgyi)

4.6K 371 14
                                    

Unicode

အခန်း(၁၄၆)ဉက္ကဌချန်၏ချစ်သူကောင်လေးပါဝါ ပွင့်အန်ထွက် လာခြင်း -၁

(Note: တကယ်တော့ ရွှီချောင်ရန်ကို ရှုချောင်ရန်လို့ မှားရေးထားမိပါတယ်ရှင့်။ နောက်ပိုင်းတွေကစလို့ ရွှီချောင်ရန်လို့ ပြင်ရေးရမှာမို့ ပြင်ဖတ်ပေးကြပါဉီးနော်)

ရက်အနည်းငယ်အတွင်းမှာ <<ရှင်သန်လာသော နန်းတော်>> အတွက် အမျိုးသားဇာတ်လိုက်ကို နောက်ဆုံး ဆုံးဖြတ်ပြီးစီးခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူတို့က ရွှီချုံခွင်လို့ ခေါ်တဲ့ မြို့တော်ရုပ်ရှင်အကယ်ဒမီ၏ ဘွဲ့ရတစ်ဉီးဖြစ်သူ B အဆင့် သရုပ်ဆောင်တစ်ယောက်ကို ရွေးချယ်ခဲ့ကြသည်။ ထိုသူသည် ကောင်းမွန်သောရုပ်ရည်၊ ကောင်းမွန်သော သရုပ် ဆောင်အရည်အချင်းတွေနှင့် ပရော်ဖက်ရှင်နယ်နောက်ခံ တစ်ခုမှလာသော သရုပ်ဆောင်တစ်ဉီးဖြစ်၏။ သူသည်လည်း ရွှီချောင်ရန်နှင့် ယှဉ်လို့ရလောက်အောင် ကျော်ကြားသည်။

ဇာတ်ကောင်အတွက် သင့်တော်သူကို အတည်ပြုပြီး နောက် သူတို့သည် သူတို့၏တရားဝင်ဘလော့ပေါ်မှာ ရှေးခေတ်ဝတ်စုံနှင့် အမျိုးသားဇာတ်လိုက်အသစ်ရဲ့ ဓာတ်ပုံကို ပို့စ်တင်ခဲ့ကြသည်။

အမျိုးသားဇာတ်လိုက်နှစ်ယောက်ဖြစ်သွားခဲ့ရာ သူတို့ကို နှိုင်းယှဉ်ကြတော့မည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။ ရွှီ ချောင်ရန်သည် လူသိများကျော်ကြားပြီး သူ၏အရည်အချင်း တွေကလည်း ကောင်း၏။ သို့သော် ကံကောင်းထောက်မစွာ ဖြင့် ရွှီချုံခွင့်ကလည်း အရည်အချင်းပြည့်ဝပြီး နာမည် ကျော်ကြားသူပဲဖြစ်သည်။ ပိုဆိုးသည်က ရွှီချုံခွင့်မှာက ရွှီချောင်ရန်ထက် ပိုမိုကြီးမားသော အကျိုးကျေးဇူးကြီးတစ်ခု ရှိနေခဲ့တာပင်။ ရွှီချောင်ရန်သည် သူ၏အေးဂျင့်အစ်ကိုဝမ်မှ လမ်းပေါ်ကနေ Pick up လုပ်ခြင်းခံခဲ့ရစဉ်မှာ ရွှီချုံခွင့်သည် ရုပ်ရှင်အကယ်ဒမီတစ်ခုမှ ဘွဲ့ရရှိခဲ့သည့် မည်မည်ရရသရုပ် ဆောင်တစ်ဉီး ဖြစ်နေခဲ့သည်။ သူ(ရွှီချောင်ရန်)၏ ထူးခြားသော ရုပ်သွင်နှင့် ကံကောင်းမှုကြောင့် Web Drama တစ်ခုမှာ ကြယ် ပွင့်တစ်လက်ဖြစ်နိုင်ခဲ့ပြီး အဲ့သည့်ချိန်မှစ၍ ပေါ်ပျူလာပုံရိပ် တစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် တကယ်ကြီး သက်မွေးမှုအလုပ်ကို လေ့လာခဲ့သော ကျောင်းသားတစ် ယောက်နှင့် ယှဉ်လိုက်သောအခါမှာတော့ သူသည် အများကြီး နောက်ကျကျန်ခဲ့ဆဲပင်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now