အခန်း(၄၉) ယန်ကျွင်ရိ-၃/အခန္း(၄၉) ယန္ကြၽင္ရိ-၃

5.7K 801 12
                                    

Unicode🍄🍄

အခန်း(၄၉) ယန်ကျွင်ရိ-၃

စုယာယာသည် သူမရဲ့ခေါင်းကို အလုပ်ပေး၍ အတွေး တစ်ချို့တို့ကို စဉ်းစားပုံဖော်နေသည်။ သူမရဲ့စိတ်ကူး သူမရဲ့ အစီအစဉ်တို့ကို နားထောင်ရင်း အသိအမှတ်ပြုစွာ ခေါင်း တငြိမ့်ငြိမ့်ဖြစ်နေသည့် ယန်ကျွင်ရိနဲ့ ဝေမျှသည်။ သူသည် လည်း သင့်တော်သော အချိန်အခါမျိုးမှာ အကြံပြုချက်တွေ ကို ပေးခဲ့သည်။ များမကြာမီပင် သူတို့ရဲ့ဆွေးနွေးမှုကို အဆုံး သတ်ခဲ့သည်။

"ဒါရိုက်တာကြီးရှင့် ကျွန်မတို့ အဆင်သင့်ဖြစ်နေပါပြီ"

စုယာယာက ယုံကြည်ချက်ရှိစွာ ရဲရဲဝံ့ဝံ့ ပြောသည်။

ယုံကြည့်ချက်ရှိသော မိန်းကလေးများသည် အလွန် နှစ်လိုဖွယ်ကောင်းကြသည်။ ဒါရိုက်တာချွီကျင်သည် လက် ကို ဝေ့ပြကာ ပြန်ပြောသည်။

"ဒါဆိုရင် စသရုပ်ဆောင်ပါ"

*** *** ***

မနက်ခင်းတစ်ခုမှာ စုယာယာသည် အိပ်ယာထဲမှ ထ လာပြီး ခန်းဆီးကို ဆွဲဖွင့်သည်။ သူမက ပြတင်းပေါက်နား မှာ ရပ်နေရင်း အကွာအဝေးတစ်ခုမှ လျှောက်လှမ်းလာသည့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုဆီ အကြည့်ရောက်သွားသည်။ ထို အရပ်ရှည်ရှည်အမျိုးသားသည် သူမအိမ်ဆီ ဉီးတည်လျှောက် လာခဲ့ပြီး သူမကို ရှုမောဖွယ်ရာ တောက်ပသောအပြုံးတစ်ခု နှင့် မော့ကြည့်လာသည်။ ထိုသူကို မှတ်မိသည်နှင့် စုယာယာ သည် အောက်ထပ်ကို အပြေးအလွှားဆင်း၏။

သူမ တံခါးကို ဖွင့်ပြီး နောက်ဆုံးတော့ ထိုသူ့ရဲ့ပုံရိပ်က ပေါ်လာခဲ့ပြီ။ တံခါးနားမှာ ရပ်နေသူ ယန်ကျွင်ရီသည် သူမ ထံ အလွန်လက်ရာမြောက်သော လက်ဆောင်ဘူးလေး တစ်ဘူးကို ကမ်းပေးလာ၏။ စစ်ဆေးမေးမြန်းလိုသော အကြည့်တစ်ခုနှင့် သူမသည် သူ့ထံမှ ထိုဘူးကို ယူပြီး သူ့ အကြည့်အောက်မှာပဲ ဘူးကို ဖွင့်လိုက်တော့ စုံတွဲနာရီ တစ်စုံကို တွေ့လိုက်ရ၏။ စုယာယာက တကယ် သဘောကျ သွားသည်။ သူမက ပျော်ရွှင်ကြည်နူးစွာ ပြုံးပြီး သူမကိုယ် သူမ ယန်ကျွင်ရိရဲ့ လက်မောင်းထဲ ပစ်ဝင်လိုက်သည်....

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now