အခန်း(၄၁)အန်ယွီထင်-၂/အခန္း(၄၁)အန္ယြီထင္-၂

6.5K 848 12
                                    

Unicode

အခန်း(၄၁)အန်ယွီထင်-၂

"လက်ထောက်ချန်, ရှင်က ကျွန်မကို အထူးတလည် လာကြိုပေးတာလား?"

ချန်လက်ထောက်ရဲ့ နှုတ်ခမ်းထောင့်ပေါ်က အပြုံးတို့ တောင့်တင်းသွား၏။ တကယ်တော့ သူက ချန်ရှုံချီ ရဲ့ ညွန်ကြားချက်အရ စုယာယာကို လာကြိုခြင်းဖြစ်သည်။

သို့သော်လည်း အလျင်အမြန် သူ တုံ့ပြန်နိုင်လိုက်၏။ သူရဲ့အလုပ်ချိန်အတွင်း ဒါ့ထက် ကိုင်တွယ်ရ ခက်ခဲသည့် ဒီလို ဗြုန်းစားအဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ဖူး ပြီးပြီလေ။ သူက ပြုံးကာ အန်ယွီထင်ကို ပြောလိုက်သည်။

"ဉက္ကဌချန်က သီးသန့်ဧည့်ခန်းထဲမှာ ရှိပါတယ်ဗျ.. ခင်ဗျား သူ့ကို တန်းပြီး သွားတွေ့လို့ရပါတယ်.. ကျွန်တော် လိုက်ပို့ပေးဖို့ လိုသေးလားဗျ"

"ရပါတယ်..ကျွန်မဘာသာ သွားနိုင်ပါတယ်"

အန်ယွီထင်က ပြောပြီးသည်နှင့် သီးသန့်ဧည့်ခန်းဆီသို့ အလျင်အမြန် သွားတော့၏။ သူမ ချန်ရှုံချီကို တွေ့ချင်လှပြီ။

သူမ ထွက်သွားသည်နှင့် လက်ထောက်ချန်က စုယာယာ ကို ပြောသည်။

"မစ်စု, ဉက္ကဌချန်က ခင်ဗျားကို သူ့ရုံးခန်းမှာ ခဏ စောင့်ပေးပါတဲ့.. ကျွန်တော့်နောက် လိုက်ခဲ့ပေးပါဗျ"

"ဟုတ်ကဲ့"

စုယာယာသည် သူ့ကို ခေါင်းငြိမ့်ပြပြီး ချန်ရှုံချီ ရုံးခန်း ဆီသို့ ထိုသူ့နောက်မှ လိုက်သွားခဲ့သည်။

တစ်ယောက်က သူ့ကို တွေ့ဖို့ ရုံးခန်းထဲသွားရစဉ် တစ်ယောက်ကတော့ သီးသန့်ဧည့်ခန်းထဲမှာ စောင့်နေရ၏။ ဒါကြီးက ဒီနှစ်ယောက်ကြားရှိ ကွာခြားချက်ကြီးကို သိသိ သာသာ ပြသနေတာပဲ။

စုယာယာ ရုံးခန်းထဲသို့ ရောက်သွားသည့်အခါမှာတော့ ချန်ရှုံချီက ထိုနေရာမှာပဲ ရှိနေသေးတဲ့အတွက်ကြောင့် လန့်သွားရ၏။

"ကိုက သီးသန့်ဧည့်ခန်းထဲမှာ မဟုတ်ဘူးလား?"

"ကိုယ် ဒီမှာ အလုပ်တစ်ချို့ လက်စသတ်နေလို့ ... နောက်ပြီးမှ သွားမှာ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now